my_tn/job/14/04.md

3.4 KiB

ယေဘုယျအချက်အလက်

ယောဘက ဘုရားသခင်အား ဆက်ပြီး စကားပြောထားသည်။

မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။

ယောဘက မသန့်ရှင်းသောအရာများကို သိကြောင်းနှင့်ထိုအရာကို လိုက်လျှောက်ရန် ဘုရားသခင်အား ဆွဲဆောင်သောအနေဖြင့် ဤမေးခွန်းကို အသုံးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မသန့်ရှင်းသောအရာများထဲဲမှ မည်သူကမျှ သန့်ရှင်းသောအရာကို မထုတ်ဖော်နိုင်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လူ၏နေ့ရက်တို့ကို မှတ်သား၍

အခြားသောဘာသာပြန်ဆိုချက် - "ကိုယ်တော်သည် လူ့ဘဝနေ့ရက်များကို မှတ်ထားတတ်သည်" သို့မဟုတ် "လူ့အသက်သည် မည်မျှလောက် ရှည်သည်ကို ကိုယ်တော်သည် ဆုံးဖြတ်တော်မူသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်

ဘုရားနှင့်အတူ ရှိသော လူ့ဘဝ၏ နေ့များသည်လည်း လူသားများအသက်ရှင်သော အရေအတွက်ကို ဆုံးဖြတ်ပေးသည်" မည်မျှအသက်ရှင်မည်ကို ကိုယ်တော်သည် ဆုံးဖြတ်တော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊

အကန့်အသတ်ဖြင့် ဖြတ်ကျော်ခြင်းဟူသည်မှာ ဘုရားသခင်က သေဆုံးရန် ချမှတ်ပေးသော အရာအတွက် အသက်ရှင်သောအတိတ်က အသက်ရှင်ခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် သူသေမည့်အချိန်နှင့် ထိုအချိန်ထက် ပို၍ အသက်မရှင်နိုင်ကြောင်းကို ချမှတ်ခဲ့ပြီ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။

အလုပ်လုပ်ပြီး နောက် အိမ်ပြန်ရန် အတွက် ငှားရမ်းသောသူ။