my_tn/job/13/26.md

7.4 KiB

ဆက်စပ်ဖော်ပြချက်

ယောဘက သူ့ကြောင့် ဘုရားသခင်အားတင်ပြခြင်းကို ဖော််ပြခြင်းဖြင့် အဆုံးသတ်ထားပါသည်။

အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏

ခါးသီးသော အရာများဟူသည် စွပ်စွဲပြောဆိုခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကြောင်းမူကား သင်သည် ငါ့ကို ဖီဆန်သောစကားများကို ‌ရေးသားထားသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။

အသက်ငယ်စဥ် အပြစ်ပြုမိခြင်းဟူသည်မှာ တင်စားချက် တစ်ခုဖြစ်သည်။ ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ၊ (၁ ) အသက်ငယ်စဥ်ပင် အပြစ်ပြုမိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်က ငါသည် မိမိအသက်ငယ်စဥ်ကပင် အပြစ်ရှိကြောင်း ပြောဆိုထားပါသည်" သို့မဟုတ် (၂) အသက်ငယ်စဥ်ပြုသော အပြစ်ကြောင့် ပြစ်ဒဏ်ခံရသည်။ အခြားဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့အသက်ငယ်စဥ်ပြုလုပ်သောအပြစ်ကြောင့် ငါ့အားအပြစ်ဒဏ်ပေးသည်"

အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်

စိတ္တဇ နာမ်ဖြစ်သော "အသက်ငယ်စဥ်" ဟူသောစကားလုံးသည် "နုပျိုသော" အဖြစ်လည်း ဘာသာပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အသက်ငယ်ရွယ်စဥ်ပင် အပြစ်ကျုးလွန်ခဲ့သည်" ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

အကျွန်ုပ်ကိုထိတ်ခတ်လျက်၊

ဤလုပ်ဆောင်ခြင်းက ယောဘသည် အကျဥ်းသားနှင့် ဝရမ်းသမားကဲ့သို့ အပြစ်ဒဏ်ခံရပြီး လွတ်လပ်စွာ အသက်ရှင်စေရန် ပြစ်ဒဏ်ပေးခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာာသာပြန်ဆိုချက်၊ "ငါ့ခြေထောက်ကို ထိပ်တုံးခတ်သကဲ့သို့ ဖြစ်သော်လည်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိတ်ခတ်လျက်

ဖြစ်နိုင်သော အဓိပ္ပါယ်များမှာ (၁ ) အကျဥ်းသား၏ ခြေထောက်ကို ထိတ်တုံးခတ်ပြီး ဘောင်ခတ်ထားသောအရာဖြစ်သောကြောင့် မ‌ရွေ့နိုင်သော၊ သို့မဟုတ် (၂ ) အကျဥ်းသား၏ ခြေ၌ ချည်‌နှောင်ထားသောအရာကြောင့် လမ်းလျှောက်ရန် နာကျင်သည်။ ဤအရာများကို အပြစ်ပေးသောပုံစံဖြင့် ဖော်ပြထားပါသည်။

အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို

ခြေလှမ်းဟူသည် ယောဘ လုပ်ဆောင်သော အရာများကို ခေါ် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါလုပ်ဆောင်သော အရာခပ်သိမ်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏

သူ့ခြေ၏ ဖဝါးပိုင်းဟူသည် လမ်းလျှောက်သော သူကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါလျှောက်လှမ်းခဲ့ပြီးသော နေရာကို ဆင်ခြင်လေ့လာပါ" ( ရှု၊ rc://*/ta/man/translate/figs-synecdoche)

အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏

ဤနယ်ပယ်ဒေသကို စောင့်ကြည့်ခြင်းဟူသည် ယောဘက လုပ်ဆောင်သောအရာအားလုံးကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါလျှောက်ခဲ့ပြီးသောနေရာ နယ်ပယ်ကို လေ့လာစောင့်ကြည့်သောအဖြစ်ကဲ့သို့ဖြစ်သည်" သို့မဟုတ် တစ်စုံတစ်ယောက်၏ ခြေရာကို လေ့လာစောင့်ကြည့်သကဲ့သို့ ငါလုပ်ဆောင်သမျှ ကို လေ့လာစောင့်ကြည့်ကြပါ၏" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း

ယောဘက သူ့ဘဝသည် ပုပ်သိုး ယိုယွင်းတတ်သော အရာကဲ့သို့ဖြစ်ကြောင်း နှိုင်းယှဥ်ထားပါသည်။ သူသည် နှောင့်နှေးစွာ သေသည်" ( ရှု၊ rc://*/ta/man/translate/figs-simile)

ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။

ယောဘက သူ့အသက်သည် ပိုးရွကိုက်စားသော အဝတ်အစားကဲ့သို့ အပေါက်များဖြင့် ပြည့်နှက်နေကြောင်းကို သူ့ကိုယ်သူ နှိုင်းယှဥ်ထားပါသည်" ( ရှု၊ rc://*/ta/man/translate/figs-simile)