my_tn/job/13/11.md

4.8 KiB

ဆက်စပ်ဖော်ပြချက်

ယောဘက သူ့မိတ်ဆွေများကို ဆက်လက်ပြီး စကားပြောထားပါသည်။

သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော် ကြောင့် မထိတ်လန့်ကြသလော။

ယောဘက သူ့မိတ်ဆွေများကို ဆုံးမရန် ဤမေးခွန်းများကို အသုံးပြုထားပါသည်။ ဖြစ်နိုင်သော မေးခွန်းများမှာ - (၁ ) ယောဘက သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သင့်ကြောင်း ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "သူ၏ ကြီးမြတ်သော ဂုဏ်တော်‌‌ကြောင့် သင့်ကို ကြောက်ရွံ့မူပြုစေပြီး စိုးရိမ်မူများသည် သင့်အပေါ်၌ ကျရောက်သင့်ပါသည်" သို့မဟုတ် (၂ ) ယောဘက သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့မည်အကြောင်းပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ တန်ခိုးကြီးမြတ်ခြင်းက သင့်ကို ကြောက်ရွံ့စေပြီး စိုးရိမ်မှုများသည် သင့်အပေါ်၌ ကျရောက်စေသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော

ဆိုးရွားစွာ ကြောက်ရွံ့ခြင်းကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အင်မတန်ကြောက်ရွံ့သည်" သို့မဟုတ် "သင်သည် ကြောက်စရာမကောင်းပါ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏

မြေမှုန့်ဟူသည်မှာ အချည်းနှီးဖြစ်ပြီး ကြာရှည်မခံသော အရာကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ နည်းဥပဒေသစကားတို့သည် မြေမှုန့်ကဲ့သို့ အချည်းနှီးဖြစ်သည်" သို့မဟုတ် "သင်၏ နည်း၌ပဒေသ စကားတို့သည် မြေမှုန့်ကဲ့သို့ မေ့ပျောက်သွားမည်ဖြစ်သည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။

ယောဘက သူတို့ပြောထားသောအရာသည် မြို့ကို ပတ်လည်ဝိုင်းထားသော မြို့ရိုးကဲ့သို့ ဖြစ်ခဲ့လျှင် လူများသည် လွယ်လွယ်ကူကူနှင့် ဖြိုနိုင်သောကြောင့် ၎င်းကို မကာကွယ်နိုင်ပါ ဟူ၍ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်အနေဖြင့် ဆန့်ကျင်ပြီးပြောဆိုသောအရာသည်အသုံးမဝင်သော အချည်းနှီးအရာဖြစ်သည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်တို့ ခိုလှုံသော

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ - (၁ ) သူတို့ကို သူတို့ချေပပြောဆိုသောအရာ သို့မဟုတ် (၂ ) သူတို့သည် ဘုရားကို ခုခံရန် ပြောဆိုသည်။