my_tn/job/10/10.md

3.6 KiB

ယေဘုယျအချက်အလက်

ဤအပိုဒ်များတွင် ယောဘက ဘုရားသခင်သည် သူ့ကို ဝမ်း၌ ရှိစဥ်ပင် မည်သို့ ပုံသွင်းထားသည်ကို ဖော်ပြရန် ကဗျာဆန်သော ဘာသာစကားများကို အသုံးပြုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/writing-poetry)

အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ငါ့ကို နို့ရည်ကဲ့သို့ သွန်းလောင်ခဲ့ရာ ဒိန်ခဲ ကဲ့သို့ သိပ်ထားသည်" သို့မဟုတ် "ကိုယ်တော်သည် ငါ့အား နို့ရည်မှ ဒိန်ခဲဖြစ်လာအောင် ဖန်ဆင်းထားသည်" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-simile]])

ကိုယ်တော်သည်

ဤတွင် "သင်" ဟူသည်မှာ ဘုရားသခင်ကို ရည်ညွှန်းထားပါသည်။

အကျွန်ုပ်ကို

ဤတွင် "အကျွန်ုပ်ကို" ဟူသည်မှာ ယောဘ ကိုယ်တိုင်ဖြစ်သည်။

အရေအသားဖြင့်ဖုံးလွှမ်း၍

ဘုရားသခင်က ယောဘ၏အသက်တာ၌ ဖုံးပေးသော အရေနှင့် အသားတို့ သည် သူ့အပေါ်သို့ ဖုံးပေးသော အဝတ်ကဲ့သို့ ပြောဆိုထားပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် အရေနှင့်အသားကို ငါ့အပေါ်၌ ဖုံးပေးတော်မူပြီ" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။

"ငါ့အား အတူတကွ ခိုင်ခန့်စေပြီ။" ဘုရားသခင်က ယောဘအားဝမ်းတွင်းကပင် အသားဖြင့်ဖုံးလွမ်းထားခြင်းကို ဘုရားသခင်သည် အပ်ချုုပ်သကဲ့သို့ သို့မဟုတ် အပ်ထိုးသကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို အတူတကွထားစေပါသည်" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

အကြော တို့ဖြင့်

အရိုးများသို့ ကြွက်သားများ ဆက်နွယ်သော ခန္ဓာကိုယ် အစိတ်အပိုင်း သို့မဟုတ် ခိုင်ခန့်သော အရာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း၊ အဖြူူရောင် ကြိုးစ ကဲ့သို့ဖြစ်သည်။