my_tn/job/08/21.md

4.5 KiB

ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်

ဤစကားစုနှစ်ခုတို့သည် အတူတူဖြစ်ပြီး အကယ်၍ ယောဘသည် အပြစ်မဲ့သောသူဖြစ်လျှင် မည်မျှပင် ဝမ်းသာမည်ကို အထူးပြုထားပါသည်။ "သူ" ဟူ‌သော စကားလုံးသည် ဘုရားသခင်ကို ရည်ညွှန်းပြီး "သင်၏" ဟူသောစကားလုံးသည် ယောဘကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အပြစ်မဲ့သော သူဖြစ်လျှင် ဘုရားသခင်သည် သင့်ကို တဖန် ဝမ်းမြောက် ရွှင်လန်းစေမည်" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-explicit]])

ရယ်မောရသောအခွင့်၊

ဘုရားက ပြုသောအမှုကို ဘုရားသခင်သည် ယောဘကို ရယ်မောခြင်းကို သူ့ နှုတ်သို့ သွန်းလောင်းပေးထားသကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ရယ်မောစေရန် ဆက်လက်ပြီး လုပ်ဆောင်ပေးသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်

ဤကြိယာ ဖြစ်သော "ဖြည့်" သည်ဟူသောအရာကို အထက်၌ ဖော်ပြသောဝါကျထဲမှ နားလည်ခဲ့ရသည်။ ဘုရားသခင်က သူ့ကို ဝမ်းမြောက်စေရန်အကြောင်းပြုခြင်းသည် ယောဘ၏ နှုတ်၌ ဘုရားက သွန်းလောင်းပေးထားသကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင့်ကို ပျော်ရွှင်စေရန် အကြောင်းဖြစ်စေမည်" ( ရှု၊ [[rc:///ta/man/translate/figs-ellipsis]] and [[rc:///ta/man/translate/figs-metaphor]])

သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်

ဤတွင် "ရှက်ခြင်း" ဟူသည်မှာ ဘုရားသခင်က ယောဘ၏ ရန်သူများကို အဝတ်ဝတ်စေခြင်းကဲ့သို့ ပြောဆိုထားပါသည်။ ဆိုလိုသည်မှာ ရှက်ကြောက်လာကြမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သင့်ကို မုန်းသောသူတို့ကို အရှက်ရစေမည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

ဤတွင် "တဲ" ဟူသောအရာသည် ဆိုးသွမ်းသော သူတို့၏ အိမ်များကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးသောသူတို့၏ အိမ်များသည် ဖျက်ဆီး ခြင်း ခံရမည်။"

ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

"ကြာရှည်ခံမည် မဟုတ်ပါ" သို့မဟုတ် "ဖျက်ဆီးခြင်း ခံရမည်"