my_tn/job/08/11.md

3.2 KiB

ယေဘုယျအချက်အလက်

၎င်းသည် ဗိလဒဒ်၏ သွန်သင်သောအရာများကိုလည်းကောင်း သို့မဟုတ် ဘိုးဘေးများ၏ အဆိုကို ဗိလဒဒ်က ကိုးကားနေကြောင်းကိုလည်းကောင်း မသေချာသော အရာဖြစ်သည်။ ယောဘ ၈း ၈ - ၁၀.

ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလောမြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။

ဗိလဒဒ်က လူသားများသည် ဘုရားသခင်မပါဘဲ အသက်မရှင်နိုင်ဟူသော အချက်အလက် တစ်ခုချင်းစီတိုင်းကို အထူးပြုစေရန် ဤအပြိုင်အဆိုင်မေးခွန်းကို အသုံးပြုထားပါသည်။ ဤနေရာတွင် အပင်များသည် လူသားများကို ပုံဆောင်ပြီး ရေသည် ဘုရားသခင်ကို ပုံဆောင်ထားပါသည်။ ၎င်းမေးခွန်းကိုလည်း စကားပြောအဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဂမာပင်များသည် ရွှံ့မရှိဘဲ မကြီးပွားနိုင်ပါ။ မြက်ပင်သည်လည်း ရေမရှိဘဲ မကြီးထွားနိုင်ပါ" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-parallelism]] and rc://*/ta/man/translate/figs-metaphor)

ဂမာပင်

ရှည်ပြီး ကျူပင်ကဲ့သို့ ရေထဲတွင် ကြီးထွားသောအပင် တစ်မျိုး

ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။

၎င်းသည် ရေမရှိသောအချိန်တွင် ညှိုးနွမ်းတတ်သည်ကို ရည်ညွှန်းထားပါသည်။ ဤအရာကို ပြည့်စုံစွာရှင်းလင်းဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရေမပါဘဲ ထိုအရာများသည် မည်သူကမျှ မခုတ်သည့်တိုင် ကျန်သောအပင်များထက် လျင်မြန်စွာ ကြီးထွားမှု ရပ်တန့်သွားပါသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ညှိုးနွမ်းတတ်၏။

"ခြောက်သွေ့ တတ်ပါသည်"