my_tn/job/08/01.md

3.5 KiB

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၂ နှင့် ၃ တို့သည် ခြားနားသော မေးခွန်းနှစ်ခုပါဝင်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။ ဗိလဒဒ်သည် ယောဘကို ဆုံးမရန် ဤမေးခွန်းများကို အသုံးပြုထားပါသည်။ (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-parallelism]])

ဆက်စပ်ဖော်ပြချက်

ဤအခန်းတွင် ဗိလဒဒ်က ယောဘ၏ မကျေနပ်ချက်များအကြောင်းကို ပြောဆိုခြင်းအစပြုထားသည်။

ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား

ဗိလဒဒ်ဆိုသည်မှာ ရှုအာအမျိုးဖြစ်သော လူတစ်ယောက်၏ နာမည်ဖြစ်သည်။ ( ရှု၊ rc://*/ta/man/translate/translate-names)

သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။

ဗိလဒဒ်က ယောဘ၏ စကားများသည် ဗလာဖြစ်ခြင်းနှင့် သေချာရေရာမှုမရှိသော လေကဲ့သို့ ဖြစ်ကြောင်းပြောဆိုထားပါသည်။ ၎င်းကို စကားပြောအဖြစ်ဘာသာပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ နှုတ်မှ ထွက်သော စကားများသည် အားကြီးပြီး လုံလောက်မှု မရှိသော လေမုန်တိုင်းကဲ့သို့ဖြစ်သည်။" (ရှု၊[[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-rquestion]])

ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။

ဤတွင် "ဘုရားသခင်" နှင့် အနန္တတန်ခိုးရှင်" နှစ်ခုစလုံးတို့သည် ထာဝရဘုရားသခင်ကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးပြီး၊" "အနန္တတန်ခိုးရှင်သည် ဖြောင့်မတ်သောသူတို့ကို အပြစ်မပေးဘဲ နေတော်မူမည်လော" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

တရားကို ဖျက်တော်မူမည်လော။

"မတရားသော အရာကို လုပ်ဆောင်ပြီး ထောက်ခံတော်မူမည်လော"......"မဖြောင့်မတ်သော သူတို့ကို ထောက်ခံတော်မူမည်လော။"