my_tn/job/07/21.md

2.8 KiB

အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။

ဤတွင် ယောဘက သူ၏အချက်အလက်များကို အထူးပြုစေရန် အလင်္ကာဆန်သောမေးခွန်းကို ဝါကျတူနှစ်ခုဖြင့် အသုံးပြုထားသည်။ ဖြစ်နိုင်သော အဓိပ္ပယ်များမှာ (၁ ) ယောဘက ဘုရားသခင်သည် အဘယ်ကြောင့်သူ့ကို မခွင့်လွှတ်ရသနည်း။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် အဘယ့်ကြောင့်အကျွန်ုပ် ပြစ်မှားခြင်းကို သည်းခံတော် မမူသနည်း။ အကျွန်ပ်အပြစ်ကို အဘယ်ကြောင့် ‌ဖြေရှင်းတော်မမူသနည်း" သို့မဟုတ် (၂ ) ယောဘက သူပြုမှားခဲ့သောအရာများကို အဘယ်ကြောင့် လျစ်လျူမရှု နိုင်ခြင်းအပေါ် ဘုရားသခင်အား မေးမြန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် အဘယ့်ကြောင့် ငါ့အပြစ်များနှင့် ပြစ်မှားခြင်းကို မခံနိုင်သနည်း။" ( ရှု၊ [[rc:///ta/man/translate/figs-parallelism]] and[[rc:///ta/man/translate/figs-rquestion]])

ဖြေရှင်းတော်မမူသနည်း

"ဖယ်ရှားသည်"

ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်

"မြေမှုန့်၌ အိပ်ရပါမည်" ဟူသော စကားစုသည် သေခြင်းကို အစားထိုးထားသော စကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခုတွင် ငါသေမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။

ငါသည် ဤအရပ်တွင် မရှိဘဲ "ဆုံးသွားပြီ ဖြစ်လိမ့်မည်"