my_tn/job/06/04.md

6.9 KiB

ယေဘုယျအချက်အလက်

စာရေးသူက လောကကြီးအပေါ် ယောဘ၏ မကျေနပ်ချက်များ အထူးပြုစေရန် အသုံးပြုထားသော ခြားနားချက် စကားပြောနှစ်ခု အမြင်ကို ပုံဆောင်ပေးနေသော အပြိုင်အဆိုင်ကို အသုံးပြုရန် ဆက်လက်ပြီး လုပ်ဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍

ဤအရာသည် ယောဘ၏ ခံစားသော ဝေဒနာအတွက် တင်စားချက်ဖြစ်သည်။ သူ၏ ဒုက္ခများကို သူ့ခန္ဓာကိုယ်၌ ပစ်သော မြှား နှင့် နှိင်းယှဥ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းသည် ဘုရားသခင်က ငါ့ကိုယ်ခန္ဓာ၌ မြှားဖြင့် ပစ်သကဲ့သို့ ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။

ငါ့ဝိညာဥ်သည် မြှား၏အဆိပ်ဖြင့် မွန်းစေပါသည်။ ဤအရာသည် သူတို့သည် အဆိပ်ဖြင့်လူးပြီး ယောဘသည် သူ့ဝိညာဥ် ထိတိုင် နာကြင်စွာ ခံစားစေခြင်းအားဖြင့် မြှား၏ တင်စားချက်ကို ဆက်လက်ပြီးပြောဆိုထားပါသည်။ သူခံစားရသော နာကြင်မူကို အဆိပ်ကို သောက်ထားသကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူတို့၏ အဆိပ်ကို ငါ့အထဲ၌ နာကျင်စွာ ခံစားရသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကြောက်ရွံ့ဖွယ်ကောင်းသောအရာများကို တချိန်တည်းမှာပင် ဖြစ်ပျက်စေရန် အကြောင်းဖြစ်စေသည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။

ယောဘအနေဖြင့် သူ၌ မကျေမနပ် ပြောဆိုရန် အကြောင်းရှိသည်ကို အထူးပြုစေရန် အလင်္ကာမေးခွန်းများကို ထုတ်ခဲ့သည်။ ဤမေးခွန်းများသည် စကားပြောအနေဖြင့်ရေးသားနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်ပြီး နွားသည်လည်း စားစရာမရှိသောအခါ အော်တတ်သကဲ့သို့ ငါသည် အကြောင်းမရှိလျှင် မကျေမနပ် ပြုလုပ်မည် မဟုတ်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မြည်တတ်သလော။

တောမြည်း ပြုလုပ်တတ်သောအသံ

အော် တတ်သလော။

နွားက ပြုလုပ်တတ်သောအသံ

စားစရာ

တိရိစ္ဆာန် အစာ

မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) ယောဘသည် အရသာမရှိသည့် အစာကို လူများမကြိုက်သော အခြေအနေအတွက် သူ၏ မပျော်ရွှင်မှုများကို နှိုင်းယှဥ်ထားပါသည်။ သို့မဟုတ် (၂ ) ယောဘက အရသာမရှိသောအစာအတွက်လူများ မကြိုက်သောအရာကို သူ့မိတ်ဆွေများ၏အကြံများအတွက် မပျော်ရွှင်မှုများကို နှိုင်းယှဥ်ထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။

ယောဘက သူ၏ မပျော်ရွှင်မှုများကို အထူးပြုစေရန် အလင်္ကာမေးခွန်းများကို အသုံးပြုထားပါသည်။ ဤမေးခွန်းများသည် စကားပြောအနေဖြင့် ရေးသားနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြက်ဥ အဖြူသက်သက်သည် အရသာမရှိသကဲ့သို့ ဆားမပါသော အစာကို မြိန်ယှက်စွာ မစားနိုင်ပါ။" ( ရှု၊ rc://*/ta/man/translate/figs-rquestion)

မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။

အခြားသောဘာသာပြန်ဆိုချက်၊ "အရသာမရှိသောအစာကို သင်စားနိုင်သလော။" (ရှု၊ rc://*/ta/man/translate/figs-activepassive)