my_tn/job/05/23.md

4.5 KiB

ယေဘုယျအချက်အလက်

စာ‌ရေးသူက အပိုဒ်တိုင်းတွင် အပြိုင်အဆိုင်အသုံးပြုရန်ဆက်လက်လုပ်ဆောင်ပြီး လူတစ်မျိုး၏ ဆွေစဥ်မျိုးဆက်၊ အိမ်ရာခြံမြေနှင့် သဘာဝကမ္ဘာမြေနှင့် ပတ်သက်သော လုံခြုံမှု အထူးပြုစေရန် အသုံးပြုထားသော စကားပြောနှစ်ခု အမြင်ကို သယ်ဆောင်ပေးသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍

ဤတွင် လယ်သမား၏ မြေကွက်၌ရှိသော ကျောက်ခဲတို့ကို တစ်စုံတစ်ယောက်သည် ပဋိညာဥ်ပြုသောအရာကဲ့သို့ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လယ်၌ရှိသော ကျောက်ခဲတို့သည် သင့်ကို ကတိပြုပြီး သင့်ကို ဒုက္ခပေးမည့် သူများကဲ့သို့ ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တောသားရဲတို့သည်

ဤအရာသည် အန္တရာယ်ရှိသော တိရိစ္ဆာန်များကို ရည်ညွှန်းထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍

ဤတွင် "အိမ်" ဟူသည်မှာ လူတစ်ယောက်၏ မိသားစု၊ တစ်အိမ်ထောင်လုံး နှင့် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ မိသားစု၊ အစေခံများ နှင့် သင် ပိုင်ဆိုင်သောအရာမှန်သမျှတို့သည် ငြိမ်သက်ခြင်းရှိ ကြလိမ့်မည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။

သင်၏ အိမ်မွေးတိရိစ္ဆာန်များရှိရာ သင့်နေရာသို့ပြန်လာသောအခါ သင်ပိုင်ဆိုင်သောအရာအားလုံး တွေ့ရမည် ဖြစ်သည်။

သင်၌သားသမီးများပြား၍၊

ဤတွင် "သားသမီး" ဟူသည်မှာ လူတစ်ယောက်၏ ဆွေမျိုးကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ဆွေစဥ်မျိုးဆက်များသည် များပြားလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။

ဤတွင် "အမျိုးအနွယ်" ကို မြေပေါ်မှာရှိသော မြက်ပင်ကဲ့သို့ ကြီးပွားချမ်းသာသောအရာကဲ့သို့ဖော်ပြ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ အမျိုးအနွယ်များသည် မြက်ပင်များ ကြီးထွားသကဲ့သို့ များပြားကြလိမ့်မည် ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-simile)