my_tn/jhn/18/25.md

3.0 KiB

ယေဘုယျအချက်အလက်

ဤနေရာတွင် ဖြစ်စဉ်သည် ပေတရုဘက်သို့လှည့်သွားသည်။

ယခုတွင်

ပေတရုအကြောင်းကို ကြားဖြတ်ပြောရန် ယောဟန်သည် ဖြစ်စဉ်၌ ထည့်၍အသုံးပြုခဲ့သည်။ (ရှု၊ rc://*/ta/man/translate/writing-background)

သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လော

ဤအရာကို မေးခွန်းပုံစံအထူးပြု၍ ဖော်ပြထားသည်။အခြားသောဘာသာပြန်ဆိုချက်၊ "သင်လည်း တပည့်တော် တစ်ယောက်ပဲ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော

ဤအရာကို မေးခွန်းကဲ့သို့ အထူးပြုပြောဆိုသည်။ ဤနေရာတွင် "သူ" ဟူသည် ယေရှုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ သံလွင်ဥယျာဉ်၌ လာဖမ်းစဉ်က သင့်ကိုသူနှင့်အတူငါမြင်ခဲ့ပြီ မဟုတ်လော" (ရှု၊ rc://*/ta/man/translate/figs-explicit)

ပေတရုသည် တဖန်ငြင်းပြန်လေ၏

ဤနေရာတွင် ပေတရုသည် ယေရှုနှင့်ရှိသည်ကို ငြင်းဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပေတရုသည် ယေရှုနှင့် သိသည်ဟူသည့်အရာကို ငြင်းခဲ့သည်" သို့မဟုတ် "ယေရှုနှင့် အတူရှိနေသည်ကိုငြင်းဆိုခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ထိုခဏခြင်းတွင် ကြက်တွန်လေ၏

ဤနေရာတွင် စာဖတ်သူများကို ယေရှုသည် ပီတာအားကြက်မတွန်မီ ငြင်းပယ်မည်ဆိုခဲ့သည့်အရာကို သတိရစေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအချိန်တွင် ကြက်တွန်လေ၏။ ထိုဖြစ်သည့်အရာသည် ယေရှုပြောခဲ့သကဲ့သို့ပင်ဖြစ်ပွားခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)