my_tn/jhn/13/31.md

3.0 KiB

ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏

ပြုခြင်းပြကြိယာအနေနှင့် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခုအချိန်တွင် လူအပေါင်းတို့သည် လူသား ဂုဏ်သိက္ခာခံယူမည့်အကြောင်းကို မြင်ရမည်ဖြစ်၍ ဘုရားသခင်သည်လည်း လူသား၏လုပ်ရပ်ကြောင့် ဂုဏ်သိက္ခာခံယူရမည်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်

"သူ" ဟူသည့် ဝေါဟာရသည် လူသားကို ရည်ညွှန်းခြင်းဖြစ်သည်။ "ကိုယ်တော်တိုင်" ဆိုသည့် စကားလုံးသည်လည်း နာမ်စားအနေနှင့် သုံးသောစကားလုံးဖြစ်၍ ဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကိုယ်တိုင်က လူသားအပေါ်တိုက်ရိုက် ဂုဏ်သိက္ခာသင်လိမ့်မည်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-rpronouns)

ချစ်သားတို့

ယေရှုက "ချစ်သားတို့" ဟူသည့် ဝေါဟာရကို သုံးသည့်အခါ ချစ်သောတပည့်တော်တို့ကို သူ၏သားအရင်းများကဲ့သို့ ဆက်ဆံစကားပြောခြင်းကိုဆိုလိုသည်။

ယုဒတို့အား ငါပြောသကဲ့သို့

ဤနေရာတွင် "ဂျူးလူမျိုးများ" ဟူသည့် စကားလုံးသည် ယေရှုကို ဆန့်ကျင်သော ဂျူးလူမျိုးခေါင်းဆောင်များကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)