my_tn/jhn/13/16.md

3.1 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် သူ၏တမန်တော်တို့အပေါ် ဆက်လက်စကားပြောဆိုသည်။

အမှန်အကန်

ရှင်ယောဟန် ၁:၄၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။

သာ၍ ကြီးမြတ်သည်

တစ်ဦးတစ်ယောက်သည် သာ၍အရေးကြီးသော သို့မဟုတ် သာ၍အစွမ်းထက်သော၊ တစ်ဦးတစ်ယောက်သည် ပို၍လွယ်ကူသောဘဝရှိနိုင်ဖို့ရန် သို့မဟုတ် သာ၍နှစ်လိုဖွယ်ဘဝရှိနိုင်ဖို့ရန်အတွက်ဟူ၍ဖြစ်သည်။

မင်္ဂလာရှိကြ၏

ဤနေရာတွင် "မင်္ဂလာ" ဆိုသည့် စကားလုံးသည် လူတစ်ယောက်အပေါ်ကောင်းသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေသောအကြောင်းကိုဆိုလိုခြင်းဖြစ်သည်။ ပြုခြင်းပြကြိယာအနေနှင့်လည်း ဘာသာပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း

ပြုခြင်းပြကြိယာအနေနှင့်လည်း ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအကြောင်းအရာသည် ကျမ်းစာပြည့်စုံခြင်းငှာ"(ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း

ဤနေရာတွင် "ငါ၏ အစာကိုစားသောသူ" ဟူသည့် စာကြောင်းသည် ဓလေ့သုံးစကားဖြစ်၍မိတ်ဆွေလိုဟန်ဆောင်သော လူတစ်ဦးဦးကိုလိုခြင်းဖြစ်သည်။ "ခြေနှင့်ကျောက်သတည်း" ဆိုသည့် စာကြောင်းသည်လည်း ဓလေ့သုံးစကားဖြစ်၍ မိတ်ဆွေဖြစ်ပြီးမှ ရန်သူဖြစ်လာသော လူတစ်ဦးဦးကိုဆိုလိုခြင်းဖြစ်သည်။ မိမိ၏ဘာသာစကားနှင့် ဓလေ့သုံးစကားရှိလာပါက ဤနေရာတွင် သုံးပြီးဘာသာပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)