my_tn/jhn/10/25.md

2.7 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ယုဒလူတို့ ပြောသော စကားများကို ပြန်လည်တုန့်ပြန်ခြင်းကို စတင်သည်။

ငါ့ခမည်းတော်၏အခွင့်နှင့်

"နာမ" ("name") ဟူသောစကားသည် "အခွင့်အာဏာ" ကို ပြောခြင်းဖြစ်သည်။ ဤနေရာတွင် "ခမည်းတော်" ဟူသော စကားလုံးသည် ဘုရားသခင်၏ အမည်နာမ တွင်အလွန်အရေးကြီးသည်။ ဘုရားသခင် ထံမှရရှိသော အခွင့်အာဏာ နှင့် ယေရှုသည် အံ့ဩဘွယ်နိမိတ်လက္ခဏာ တို့ကိုပြုလုပ်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ခမည်းတော်၏ ဘုန်းတန်ခိုးအာဏာ အားဖြင်." သို့မဟုတ် "ငါ့ခမည်းတော်၏ ဘုန်းတန်ခိုး နှင့်"။ (ရှု။ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/guidelines-sonofgodprinciples]])

ငါ၏သက်သေဖြစ်ကြ၏

သူပြုသော အံ့ဩဘွယ်နိမိတ်လက္ခဏာ တို့သည် သူသည် မည်သို့သောသူဖြစ်ကြောင်းကိုပုဂ္ဂိုတစ်ဦးသည် တရားရုံး တွင်သူ့အား သက်သေပြုပေးသကဲ့သို့ သက်သေပြပြီဖြစ် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူနှင့်ပါတ်သက်မှုကို သက်သေပြုသည်။" (ရှု။ rc://*/ta/man/translate/figs-personification)

သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်

"သိုး" ဆိုသည်မှာ "ယေရှု၏ နောက်လိုက်သူများ" ကိုပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါ၏ နောက်လိုက်သူများ မဟုတ်" သို့မဟုတ် "သင်တို့သည် ငါ၏ တပည့်တော်များ မဟုတ်ကြ။" (ရှု။ rc://*/ta/man/translate/figs-metaphor)