my_tn/jhn/10/11.md

2.8 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ကောင်းသော သိုးထိန်း ပုံဥပမာ ဆက်လက်ပြောဆိုသည်။

ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏

ကောင်းသောသိုးထိန်း ဟူသည်မှာ ယေရှုကို ပြောခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သိုးထိန်းကောင်း ကဲ့သို့ဖြစ်သည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)

မိမိ အသက်ကို စွန့်တတ်၏

အသက်ကို စွန့်သည် ဟုဆိုခြင်းမှာ တစုံတခုအတွက် ပေးဆပ်ခြင်း သို့မဟုတ် လက်လွှတ်ခြင်း ကိုဆိုလိုသည်။ ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းဖြစ်ပြီး အသက်စတေးခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်၊ "သေသည်"။ (ရှု။ rc://*/ta/man/translate/figs-euphemism)

သူငှါးဖြစ်သောသူမူကား

"သူငှါး" ဟူသောစကားသည် ဤနေရာတွင် "ယုဒလူတို့ခေါင်းဆောင်များနှင့် ဆရာများ" ကိုပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အလုပ် လုပ်ရန် ငှားသော အလုပ်သမား ကဲ့သို့"။ (ရှု။ rc://*/ta/man/translate/figs-metaphor)

သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏

ဤနေရာတွင် "သိုးတို့" ဟူသော စကားလုံးကို "ဘုရား သခင်၏လူတို့ကို" ပုံဆောင်၍ သုံးထားသည်။ ငှားထားသောသိုးထိန်းသည် သိုးတို့ကိုပစ်ထားသကဲ့သို့ ယုဒလူတို့ ခေါင်းဆောင်များနှင့် ဆရာများသည်လည်း ဘုရားသခင် ၏လူတို့ကို ဂရုမစိုက်ဘဲ ထားသည်ကို ယေရှုက ပြောဆိုခြင်းဖြစ်သည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)