my_tn/jhn/09/39.md

3.9 KiB

ဤလောကသို့ ရောက်လာပြီ

"လောက" ဟူဟော စကားသည် "ဤကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြသော လူအားလုံး" ဟူ၍သုံးမည့်အစား အသုံးပြုသောစကားဖြစသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သည်လောကတွင် ရှိသော လူတို့တွင် နေထိုင်ရန် လာခဲ့သည်။" (ရှု။ rc://*/ta/man/translate/figs-metonymy)

ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း

ဤစာကြောင်းတွင် "မြင်စေခြင်း" နှင့် "ကန်းစေခြင်း" ဟူသော စကာလုံးများသည် ပုံဥပမာ အဖြစ်အသုံးပြုထားသည်။ ယေရှုသည် ဝိညာဉ်မျက်စိ ကန်းသောသူတို့ နှင့် ခန္ဓာမျက်စိ ကန်းသောသူတို့ ဟူ၍ လူနှစ်စု ခွဲခြားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဝိညာဉ်မျက်စိကန်းပြီး ဘုရားသခင်အား မြင်လိုသောသူတို့သည် မြင်ရကြမည်၊ သို့သော်လည်း ဘုရားသခင်အား ဖူးမြင်ရပါသည်ဟု မှားယွင်းစွာ ယူဆနေသူတို့သည် မျက်စိကန်းလျက်ပင် ရှိနေကြပါအုံးမည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)

ငါတို့သည် မျက်စိကန်းသလော

ငါတို့သည် ဝိညာဉ် မျက်စိကန်းနေသည် ဟု သင်ယူဆပါသလား။

သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ

ဤစာကြောင်းတွင် "မျက်စိကန်းသည်" ဆိုခြင်းမှာ "ဘုရားသခင်၏ သမ္မာတရားကို မသိ" ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဘုရား သခင်၏ သမ္မာတရားကို သိလိုပါက၊ သင်တို့သည် မျက်စိမြင်ခြင်း ရရှိမည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)

ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်

ဤစာကြောင်းတွင် "မျက်စိမြင်သည်" ဟူသောစကားသည် "ဘရားသခင်၏ သမ္မာတရားကို သိသည်ဟု" ဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ချက်၊ "သင်တို့သည် မိမိကိုယ်ကို ဘရားသခင်၏ သမ္မာတရားကို သိသည်ဟု ယူဆပြီးဖြစ်သောကြောင့် သင်တို့သည် မျက်စိကန်းလျက်ရှိကြသည်။ (ရှု။ rc://*/ta/man/translate/figs-metaphor)