my_tn/jhn/08/57.md

4.0 KiB

ဆက်စပ်ပေးသောအချက်

ဗိမာန်တော်ဝန်းထဲတွင် ယေရှုသည် ယုဒလူတို့အား ပြောသော ပုံပြင်သည် (၈:၁၂ မှစသော) ဤနေရာတွင် အဆုံးသတ်သည်။

ယုဒလူတို့ကလည်း ... ဆိုကြ၏

"ယေရှုကို အတိုက်အခံ ဝေဖန်နေသော ယုဒလူမျိုးခေါင်းဆောင်များ" အားကို ပြောဆိုလို၍ "ယုဒလုတို့" ဟုလူမျိုးစုနာမည်ကို သုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးခေါင်းဆောင်များသည် သူ့ကို ပြေဆိုကြရာ။" (ရှု။ rc://*/ta/man/translate/figs-synecdoche)

အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ၏

ယေရှုက အာဗြဟံကို မြင်သည်ဟု ပြောခြင်းကြေင့် ယုဒလူမျိုးခေါင်းဆောင်များသည် တုန်လှုပ်ကာ မေးခွန်းပုံစံဖြစ် ပြောဆိုကြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ချက်၊ "သင်သည် အာဗြဟံထက် အနှစ်ငါးဆယ် ပို၍ငယ်သည်။ သင်သည် အာဗြဟံအား မြင်ရမည် မဟုတ်။" (ရှု။ rc://*/ta/man/translate/figs-rquestion)

ငါအမှန်အကန်ဆိုသည်ကား

၁:၄၉ တွင် ပြန်ကြည့်ပါ။

အာဗြဟံမဖြစ်မှီ ငါဖြစ်၏

ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သောကြောင့် အခြားသောသူ အားလုံးထက် သူသည် ဘုရားသခင်ကို သိနားလည်သည်။ အဖြစ်နိုင်ဆုံး ဆိုလိုရင်းများမှာ (၁) သခင်ယေရှုက သူသည် ယေဟောဝါဘုရားသခင် နှင့်ထပ်တူဖြစ်သည်ကို "ငါဖြစ်၏" (I AM) ဟုပြောခြင်းဖြစ်သည်။ (၂) ယေရှု ပြောသည်မှာ "ငါသည် အာဗြဟံ မရှိမီ ငါရှိပြီ။"

အခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏

ယေရှုပြောသောစကားကို ကြားသောအခါ ယုဒလူမျိုးခေါင်းဆောင်တို့သည် အလွန်ဒေါသ ထွက်ကြသည်။ ယေရှုသည် ထာဝရဘုရားသခင် နှင့် ထပ်တူဖြစ်သည်ဟု ပြာသောကြောင့် သူတို့သည် သူ့အား သတ်ပစ်ချင်ကြသည်။ အခြားသော ဘာသာပြန်ချက်၊ "ထို့နောက် သူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်သတ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ကြလေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသခင်နှင့် ထပ်တူဖြစ်သည်ဟု ပြောဆိုသည်။" (ရှု။ rc://*/ta/man/translate/figs-explicit)