my_tn/jhn/06/54.md

20 lines
2.8 KiB
Markdown

# ဆက်စပ်မှုဖော်ပြချက်
ယေရှုသည် သူ၏တရားကို နားထောင်နေသော လူများကို တရား ဆက်၍ဟောပြောသည်။
# ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏
"အသားကို စားပါ၊ သူ၏အသွေးကိုသောက်ပါ" သည် ပုံဥပမာပေးသောစကားစုများဖြစ်သည်။ လူသည်ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အစားအစာနှင့်ရေ လိုအပ်သကဲ့သို့ သခင်ယေရှုကိုယုံကြည်သောသူတို့သည် ဝိညာဉ် အသက်ရှင်ခြင်းကို ရရှိမည်။ အခြားသောဘာသာပြန်ဆိုချက်၊ ""သူ၏ ဝိညာဉ်အစားအစာအတွက် ငါ့ကိုယုံကြည် သော သူသည် ထာဝရအသက်ရရှိမည်။"(ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# နောက်ဆုံးသောနေ့၌
ဘုရားသခင်သည် လူသားအားလုံးကို တရားစီရင်သောနေ့
# ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏
"မှန်သောအစာ နှင့် မှန်သောသောက်ရေ" တို့သည် သခင်ယေရှုပေးမည့် ဝိညာဉ်အစာနှင့်ရေကို ပုံဥပမာ ပေထားခြင်း ဖြစ်ပြီးသူ့ကိုယုံကြည်သောသူတို့ကို ဝိညာဉ်အစာအဟာရကိုပေးမည်။ ယုံကြည်ခြင်းဖြင့် ယေရှုကိုလက္ခံသော သူတို့ကို ရုပ်ခန္ဓာကိုယ်အား အစားအစာနှင့်ရေတို့ သည် အဟာရပြည့်ဝစေသကဲ့သို့ ထာဝရအသက်ကို ပေးမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဝိညာဉ်အတွက် အစာနှင့်ရေ ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# သူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏
ငါနှင့် နီးနီး နေပါ