my_tn/jer/18/18.md

2.9 KiB

ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။

"ယေရမိအား နာကျင်စေအံ့သောငှါ ကြံစည်ကြကုန်စို့"

ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံရ။

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်တို့သည် ပညတ်တော်တို့အား ပေးခြင်း၊ ပညာရှိသောသူသည် အကြံပေးခြင်း၊ ပရောဖက်တို့သည် ဟောပြောခြင်းအမှု၌ အရှုံးမရှိရ။" (ရှု၊ rc://*/ta/man/translate/figs-litotes)

လျှာနှင့်ရိုက်ကြကုန်အံ့။

"ထိခိုက်နာကျင်စေခြင်းငှါ ကျိန်ဆိုကြစို့" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်ကို ကြည့်ရှုတော် မူပါ။

ယေရမိမှ ဘုရားသခင်အား ပြောဆိုသောစကားဖြစ်သည်။

ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော။

ယေရမိမှ ကျေးဇူးပြုသောသူအား ပြစ်ဒဏ်ပေးမည်လော့ဟုမေးသော မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပျက်စီးခြင်းပြစ်ဒဏ်သည် သူတို့အတွက် အကျွန်ုပ်၏ ဆုကျေးဇူး မဖြစ်ပါစေနှင့်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ။

အခြားသောဘာသာပြန်ဆိုချက်၊ "တွင်းတူးလျက် ထောင်ချောက်ဆင်ကာ အကျွန်ုပ်ကို သတ်အံ့ငှါ ကြိုးစားပြီ" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-idiom]])

သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ " သူတို့သည် သင့်ကိုမစီရင်ခြင်းငှါ ပြုတော်မူမည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)