my_tn/jer/17/15.md

3.0 KiB

ကြည့်ရှုလော့

အခြားသောဘာသာပြန်ဆိုချက်၊ "ကြည့်ရှုလော့" သို့မဟုတ် "နားထောင်ပါ" သို့မဟုတ် "ငါပြောသောစကားကို နာခံလော့"

သူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။

"အကျွန်ုပ်အား" ဆိုသည်မှာ ယေရမိကို ဖော်ပြပြီး "သူတို့" ဆိုသည်မှာ ရန်သူတို့ကို ဖော်ပြသည်။

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။

အဖြစ်အပျက်တစ်ခုသည် မဖြစ်သေးသောကြောင့် လူတို့သည် ယေရမိအား ပျက်ရယ်ပြုလျက်မေးသောမေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပြုလုပ်မည်ဆိုသောအရာသည် အဘယ်မှာနည်း" သို့မဟုတ် " ဘုရားသခင် ဖြစ်ပျက်စေမည်ဆိုသောအရာသည် အဘယ်မှာနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ယခုလာပါစေတော့

အခြားသောဘာသာပြန်ဆိုချက်၊ "ယခု ဖြစ်ပျက်စေလော့"

အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော

ဘုရားသခင်သည် ယေရမိအား သူ၏ လူတို့ကို ဦးဆောင်ရန်အတွက် သိုးတို့အတွက် သိုးထိန်းကဲ့သို့ ဖော်ညွှန်းကါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည် မတောင့်တပါ

"ငါသည် ဆန္ဒမရှိ"

မိန့်တော်မူချက်တို့သည် အကျွန်ုပ်နှုတ်မှ ရောက်လာ၏

အခြားသောဘာသာပြန်ဆိုချက်၊ "မိန့်တော်မူချက်တို့အား ငါသည် ဟောပြောရ၏" သို့မဟုတ် "ထိုအမှုအရာတို့ကို ငါသည် ဟောပြောရ၏" (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-abstractnouns]])

သူတို့သည်ရှိကြပါ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ ရှိစေခြင်းငှါ ပြုလုပ်ပေး၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)