my_tn/jer/09/01.md

4.4 KiB

ယေဘုယျ အချက်အလက်

ယေရမိအားဖြင့် ယုဒလူမျိုးတို့ဆီသို့ ရောက်လာသောစကားဖြစ်သည်။

ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။

ယေရမိပြောသောစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့မျက်ရည်သည် နေ့ညမပြတ်ထွက်လေ၏။" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-metaphor]])

နေ့နှင့်ည

အခြားသောဘာသာပြန်ဆိုချက်၊ "အချိန်တိုင်း" (ရှု၊ rc://*/ta/man/translate/figs-merism)

ငါ၏လူမျိုးသတိုးသမီး

မည်ကဲ့သို့ဘာသာပြန်သည်ကို ရှု၊ 4:11.

အသေသတ်ခြင်းကိုခံရသောသူတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများ အသတ်ခြင်းခံရသူ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တစ်စုံတစ်ယောက်က အခွင့်ပေးပါက

ယေရမိပြောဆိုသောစကားဖြစ်သည်။ "ငါသည် တစ်စုံတစ်ယောက်အား အခွင့်ပေးအံ့ငှါ ဆန္ဒရှိ၏။"

သဲကန္တာရ၌ခရီးသွားသောအခါနားခိုရန်

သဲကန္တာရတွင် ခရီးသွားနေသောသူများနားခိုရန် တဲဆောက်လုပ်ခြင်းကို ဖော်ပြသည်။

ငါ၏လူတို့သည်စွန့်ခွာကြ၏။

"ငါ၏ လူမျိုးများ ထွက်သွားသည်"

သစ္စာဖောက်သူအပေါင်းတို့

"တစ်ခြားလူတို့အားသစ္စာဖောက်သော လူတစ်စု"

ထာဝရဘုရားမိန့်တော်မူ၏

မည်ကဲ့သို့ဘာသာပြန်သည်ကို ရှု၊ 1:7.

သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။

မုသာကိုသုံးခြင်းသည် ကောက်ကျစ်သောအပြုအမူဖြစ်သည်။ မုသာကိုသုံးခြင်းသည် လေးကိုမုသာနှင့်တင်ပြစ်သောမြားကဲ့သို့တူ၏။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သစ္စာတရားကို အမှီမပြုဘဲ

ဘုရားသခင်၌သစ္စာမရှိခြင်းကိုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ဘုရားသခင်ကို သစ္စာမရှိခြင်းကို ဖော်ပြသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

သစ္စာတရားကို အမှီမပြုဘဲ

၎င်းစာသားသည် ဟေဗြဲစကားလုံးမှ ခေတ်ပေါ်အသုံးတွင် "သစ္စာတရား၌ အားမကြီးခြင်းကို" ဆိုလိုသည်။

မုသာနှင့်ဆိုးယုတ်သောအမှုအား တပါးသူတို့၌လည်းပြုကြပြီ။

မုသာစကားကိုပြောလျက် ဆိုးသောအမှုကိုလည်း တပါးသူတို့၌ပြုကြပြီ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ဆိုးယုတ်သောအမှုကို ပြုကြပြီ။" (ရှု၊ rc://*/ta/man/translate/figs-metaphor)