my_tn/jer/07/03.md

2.0 KiB

ယေဘုယျ အချက်အလက်

ယုဒလူမျိုးတို့အား ယေရမိအားဖြင့် ပေးသော ထာဝရဘုရား၏ သတင်းစကား ဖြစ်သည်။

သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။

"ကောင်းသော အသက်ရှင်ခြင်းနှင့် ကောင်းသောအလုပ်"

ဤအရပ်၌

ဣသရေလတိုင်းပြည်ရှိ ဗိမ္မာန်တော်တည်ရှိရာအရပ်ကို ရည်ညွှန်းသည်။

မိမိကိုယ်ကိုကိုယ် အားကိုးခြင်းဖြင့် လိမ်လည်လှည့်ဖြားခြင်းနှင့်မပြောဆိုနှင့်

"မှားယွင်းသော စကားကို ဆိုသဖြင့် ကိုယ့်ကိုယ်ကို မလှည့်ဖြားနှင့်။"

ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်း

သုံးကြိမ်သုံးခါ တိုင်အောင် သူတို့သည် ထာဝရဘုရား၏ ဗိမ္မာန်တော်ဖြစ်သည်ဟု ဆိုကြ၏။ ယုဒလူတို့သည် ဘေးမှ လုံခြုံမည်ဟုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာသည် ဘုရားသခင်၏ ဗိမ္မာန်တော်ဖြစ်၍ မည်သူမျှ မဖျက်ဆီးနိုင်၊ ငါတို့ လုံခြုံစွာနေရ၏" (ရှု၊ rc://*/ta/man/translate/figs-explicit)