my_tn/jer/06/06.md

3.1 KiB

သစ်ပင်တို့ကို ခုတ်လှဲကြလော့

"သစ်ပင်တို့ကို ခုတ်လှဲကြလော့" ထာဝရဘုရားသခင်သည် ယေရုရှလင်မြို့ စစ်သူရဲတို့ကို ပြောဆိုသောစကားဖြစ်သည်။

မြေရိုးတို့ကိုဖို့လော့

"တောင်ပို့များ" ရန်သူများ တိုက်ခိုက်ရန် ပြုလုပ်ထားသော ယေရုရှလင်မြို့၏ လမ်းခုလတ်နေရာ။

နှိပ်စက်များဖြင့်ပြည့်သောကြောင့်

"တစ်ဦးနှင့် တစ်ဦး အနိုင်အထက်ပြုကြသောကြောင့်"

စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။

စမ်းရေသည် ရေစီးထွက်စေသောအရာ ဖြစ်သည်နည်းတူ ယေရုရှလင်မြို့သည် ထာဝရဘုရား ဆုံးမသော်လည်းဒုစရိုက်အမှုကို ရှိမြဲရှိစေကြ၏။ (ရှု၊ [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-irony]])

ထိုမြို့ထဲ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အကြမ်းဖက်မှုနှင့် ဆူပူမှုတို့ကို ကြားရ၏။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ အနာများ၊ ပူဆွေးသောကများကို မပြတ် ငါမြင်ရ၏။" (ရှု၊ rc://*/ta/man/translate/figs-idiom)

အို ယေရုဆလင်..ဆုံးမခြင်းကိုခံယူလော့

ထာဝရဘုရားသခင်သည် ယေရုရှလင်မြို့အား ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ စကားပြောတော်မူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မြို့သားတို့ ဆုံးမခြင်းမှ နာယူလော့။" (ရှု၊ [[rc:///ta/man/translate/figs-Apostrophe]] and [[rc:///ta/man/translate/figs-Personification]] and rc://*/ta/man/translate/figs-Metonymy)

ဆိတ်ညံရာအရပ်

"လူသူဆိတ်ညံရာ တိုင်းပြည်"