my_tn/jer/06/01.md

4.5 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရား၏ စကားတော် ဖြစ်သည်။

ဘေးကင်းရန်တွေ့ရှိသည်

"ခိုလှုံသည်"

တေကောရွာ၌ တံပိုးမှုတ်ကြလော့။

အခြားသောဘာသာပြန်ဆိုချက်၊ "တေကောမြို့သားတို့သည် တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။"

တေကော

တေကောမြို့သည် ယေရုရှလင်မြို့မှ တောင်ဘက်ရှိ ၁၈ ကီလိုမီတာဝေးသော မြို့ ဖြစ်သည်။ တေကော၏ အဓိပ္ပါယ်မှာ "ဦးချိုကို မှုတ်ခြင်း" ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဗေသက္ကရင်ရွာ၌ မီးရှုးကို မြှောက်၍ ပြကြလော့။

အခြားသောဘာသာပြန်ဆိုချက်၊ "ဗေသက္ကရင်မြို့သားတို့သည် စစ်တပ်ဖြင့် ဝိုင်းအုံမည်အကြောင်း အသင့်ပြင်ဆင်ကြသည်။"

ဗေသက္ကရင်

ယေရုရှလင်မြို့ တောင်ဘက် ၁၀ ကီလိုမီတာ ဝေးသော မြို့အမည် ဖြစ်သည်။ ဗေသက္ကရင်၏ အဓိပ္ပါယ်မှာ "စပျစ်နွယ်ပင် ဒေသ" ဖြစ်သည်။

အမှတ်လက္ခဏာ

အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့ကို အန္တရာယ်ကျလာပြီဖြစ်ကြောင်းကို ပြသော လက္ခဏာဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဆိုးယုတ်ပျက်စီးခြင်းသည် ပေါ်လာ၏

အခြားသောဘာသာပြန်ဆိုချက်၊ " ပျက်စီးခြင်းရောက်လာပြီ ဖြစ်ကြောင်း တွေ့မြင်သည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကြီးစွာသောဖိခြင်း

"ကြီးစွာသော ပျက်စီးခြင်း"

ဇိအုန်သတို့သမီး၊ အဆင်းလှ၍သိမ့်မွေ့သော

ထာဝရဘုရားသခင်သည် ယေရုရှလင်မြို့အား သတို့သမီးကဲ့သို့ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန်သတို့သမီး အဆင်းလှ၍ သိမ်မွေ့နူးညံ့သော သူနှင့်ခိုင်းနှိုင်းသည်။" (ရှု၊ rc://*/ta/man/translate/figs-personification)

ဇိအုန်သတို့သမီး

မည်ကဲ့သို့ ဘာသာပြန်သည်ကို ရှု၊ 4:30.

သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ၍

ရှင်ဘုရင်တို့သည် သူ့လူမျိုးတော်တို့အတွက် သိုးထိန်းအဖြစ် ဖော်ပြလျက်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်နှင့် စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကို ဝန်းရံကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူ့တစ်ဘက်၌ဆန့်ကျင်၍

"သူ့အနီးအနား တစ်ဝိုက်တွင်"

အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့် မည်

အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင် အသီးသီးတို့သည် သူတို့ စစ်သည်တော်တို့နှင့် တိုက်ခိုက်ကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)