my_tn/jer/05/26.md

2.6 KiB

ယေဘုယျ အချက်အလက်

ဣသရေလူမျိုးတို့အား ပြောဆိုသော ထာဝရဘုရား၏ စကားတော် ဖြစ်သည်။

လူဆိုးတို့သည်ငါ၏လူတို့တွင်ရှိကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "မတရားသောသူတို့သည် ငါ၏ လူတို့ကြားတွင်ရှိသည်ကို ငါတွေ့၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သူတို့သည်လူတို့ကိုထောင်ချောက်ဆင်လျက်ဖမ်းဆီးကြ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် လူတို့၏ အကျိုးကို ဖျက်ဆီးခြင်းငှါ ပြုလျက်ရှိကြသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တိုးပွားခြင်းနှင့် ရတတ်သောသူတို့ဖြစ်ကြ၏

"ချမ်းသာလာခြင်းနှင့် သြဇာရှိလာခြင်း"

မျက်နှာပြောင်လျက်ချမ်းသာလာကြ၏

"မျက်နှာ တောက်ပြောင်လာခြင်း" သို့မဟုတ် "ပြေပြစ်လာသည်" သူတို့သည် မျက်နှာတောက်ပြောင်လျက် ပြေပြစ်လာသောကြောင့် ဝဖြိုးလာကြသည်။

ဆိုးသောသူတို့ထက်သာ၍ဆိုးကြ၏

"မကောင်းဆိုးဝါးထက်သာ၍ ဆိုးသောအမှုတို့ကို ပြုကြသည်။"

မိဘမရှိသောသူငယ်၏အမှု

မိဘမဲ့များ၏ အမှုကို မထောက်မရှု၊ မပြုစု။ အခြားသောဘာသာပြန်ဆိုချက်၊ "မိဘမရှိသော သူတို့ကို မကျွေးမွေး" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ငါသည်မစီရင်...လူမျိုးတို့အားနေမည်လော့။

"ထိုကဲ့သို့ပြည်ကို...ငါသည် မစီရင်၊ မစစ်ကြောဘဲ နေမည်လော။" ရှု၊ 5:7.