my_tn/jer/02/14.md

3.8 KiB

ဣသရေလသည် ကျွန်ဖြစ်သလော။ အိမ်၌ဘွားမြင်သောသူမဖြစ်သလော။ အဘယ်ကြောင့်လုယူခြင်းကိုခံရသနည်း။

အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလ လူမျိုးသည် ကျွန်မှ မွေးဖွားသည်မဟုတ်၊ ယခုတွင် ရန်သူတို့၏ လုယူခြင်းကို ခံကြရသည်။" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-explicit]])

အဘယ်ကြောင့်အဓမ္မလုယူခြင်းခံရသနည်း။

အခြားသောဘာသာပြန်ဆိုချက်၊ "ပိုင်ဆိုင်မှုအားလုံး အာဏာဖြင့် လုယူခြင်း၊ သိမ်းဆည်းခြင်းကိုခံရသည်။"

ခြသေ့်ပျိုတို့သည်ဟောက်၍ဆန့်ကျင်ပြီး ဆူညံသံဖြင့်သူ၏ပြည်ကိုဖျက်ဆီးပြီ။ သူတို့မြို့တို့သည်ပျက်ဆီးကုန်သောကြောင့်မည်သူမျှမနေရ။

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ရန်သူများသည် ခြင်္သေ့ပျိုတို့ကဲ့သို့ သင့်ကိုဟောက်ပြီး တိုက်ခိုက်နေသည်။ သူတို့သည် သင်၏ မြေကို ဖျက်ဆီးပြီး သင်မြို့ကိုလည်းမီးရှိုးသောကြောင့် မည်သူမျှ အသက်ရှင်သူ မရှိတော့ပါ။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-parallelism]])

ခြင်္သေ့ပျိုတို့ဟောက်သည်

တောရိုင်းတိရိစ္ဆာန်မှ ကျယ်လောင်စွာ ဟောက်သည်။

နေထိုင်သူများ

နေရာတစ်ခုတွင် နေထိုင်သော လူများ။

နောဖမြို့နှင့်တာပနက်မြို့

အဲဂုတ္တုပြည်၏ မြို့များ (ရှု၊ rc://*/ta/man/translate/translate-names)

သင်၏ဦးခေါင်းကိုရိတ်ပြီးစားကြပြီ

အဲဂုတ္တုလူမျိုးတို့သည် သူတို့ ကျွန်တို့၏ ဦးခေါင်းအား အမှတ်သားပြုလုပ်ခဲ့ကြသည်။

သင်တို့ဦးခေါင်းကိုရိတ်ကြပြီ

ဟေဗြဲစကားလုံး၌ ခေတ်သစ်တွင် အနက်ဖွင့်သည်မှာ "ဦးခေါင်းတွင် ခြစ်သည်၊ အမှတ်သားပြုသည်။"

သင့်ကိုပို့ဆောင်တော်မူသောဘုရားသခင်အား စွန့်သောကြောင့် ထိုသို့သောအပြစ်ရောက်သည်မဟုတ်လော့။

အခြားသောဘာသာပြန်ချက်၊ "သင့်ကို ပို့ဆောင်သောဘုရားသခင်ကို စွန့်သောကြောင့် သင်သည် ဤကဲ့သို့ ဖြစ်ရသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)