my_tn/jas/05/01.md

4.9 KiB

ဆက်စပ်မှုဖော်ပြချက်

မိမိစည်းစိမ်၌ နစ်မွန်းသော လူချမ်းသာတို့ကို ရှင်ယာကုပ် သတိပေးသည်။

အချင်းသူဌေး၊ သူကြွယ်တို့

ဖြစ်နိုင်ချေများမှာ၊ (၁) ချမ်းသာသော ယုံကြည်သူတို့ကို သတိပေးခြင်း ဖြစ်သည် (UDB)။ သို့မဟုတ် (၂) ချမ်းသာသော မယုံကြည်သူတို့ကို သတိပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ကိုးကွယ်သည်ဟူသော အချင်းသူဌေး သူကြွယ်တို့" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့်

ဆင်းရဲဒုက္ခဝေဒနာကို ရွေ့လျားတတ်သော အရာဝတ္ထုကဲ့သို့ ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆင်းရဲဒုက္ခဝေဒနာကို ခံစားရမည်ဖြစ်၍" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ

ဖြစ်ပြီးသကဲ့သို့ ဆိုထားသည်။ လောကအရာများမှာ တာရှည်ခံခြင်းမရှိ၊ ထာဝရမတည်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့စည်းစိမ်မှာ ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ" (ရှု၊ rc://*/ta/man/translate/figs-pastforfuture)

ဥစ္စာပစ္စည်း . . . အဝတ် . . . ရွှေငွေ

သူဌေးသူကြွယ်အတွက် အဖိုးတန်သော အရာတို့ကို ဥပမာပြုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍

သတ္တုအချေးကို တရားရုံး၌ တရားခံကို သက်သေပြုသောသူကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် တရားစီရင်သောအခါ သင်တို့တဖက်၌ သက်သေပြု၍" (ရှု၊ rc://*/ta/man/translate/figs-personification)

မီးကဲ့သို့ . . . စားလိမ့်မည်

သတ္တုအချေးကို ပိုင်ရှင်အား မီးရှို့သည်သကဲ့သို့ တင်စားထားသည်။ (ရှု၊ [[rc:///ta/man/translate/figs-simile]] နှင့် [[rc:///ta/man/translate/figs-metaphor]])

သင်တို့အသား

တကိုယ်လုံးကို ကိုယ်စားပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

မီး

အပြစ်သားတို့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းကို ပုံဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

နောက်ဆုံးသော နေ့ရက်ကာလအဘို့

ဘုရားသခင်၏ တရားစီရင်ရာနေ့ မတိုင်မီထိကို ညွှန်းဆိုသည်။ လူဆိုးတို့က အနာဂတ်အတွက် စည်းစိမ်များ စုထားသည်ဟု ထင်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် သူတို့ခံရမည့် စီရင်မှုကို စုနေခြင်းသာ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တရားစီရင်ရာ ကာလအဘို့" (ရှု၊ rc://*/ta/man/translate/figs-metonymy)