my_tn/jas/04/04.md

3.4 KiB

မတရားသောမေထုန်၌ မှီဝဲသော ယောက်ျားမိန်းမတို့

ယုံကြည်သူများကို သစ္စာမဲ့၍ ဖောက်ပြန်တတ်သောသူကဲ့သို့ ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အပေါ် သစ္စာမဲ့သော သူတို့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

. . . သည်ကို မသိကြသလော

စာရှုသူတို့ကို သွန်သင်ရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကြောင်း သင်တို့သိကြ၏" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လောကီမိဿဟာယ

လောက၏ စနစ်အတိုင်း ပါဝင် ရှင်သန်ခြင်းကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

friendship with the world

N/A

လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်

လောကနှင့် မိဿဟာရဖွဲ့ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း မည်၏။ "လောကီ" ဟူရာတွင် လောကနှင့် သက်ဆိုင်သမျှကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောက၏ မိတ်ဆွေသည် ဘုရားသခင်၏ ရန်သူဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျမ်းစာချက် အချည်းနှီးသက်သက် ဖြစ်သည်ဟူ၍၎င်း . . . ဟူ၍၎င်း၊ ထင်ကြသလော

စာရှုသူတို့ကို သွန်သင်ရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျမ်းစာတွင် ... ဟု ဆိုရာတွင် အကြောင်းရှိ၍ ဖော်ပြထားခြင်းဖြစ်၏"

ငါတို့၌ တည်နေသော ဝိညာဉ်တော်

ULB နှင့် UDB မှစသော အချို့မူပြန်ကျမ်းများတွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်ဟု ဆိုထားသည်။ အခြားမူပြန်ကျမ်းများတွင် "ဝိညာဉ်တော်" အစား "ဝိညာဉ်" ဟု ဖော်ပြလေရာ၊ ကျွန်ုပ်တို့၏ လူ့ဝိညာဉ်ကို ညွှန်းသည် ဟူ၏။ ပြန်ဆိုမည့် ဘာသာစကား၌ အခြားမူပြန်ကျမ်းရှိလျှင်၊ ၎င်းတို့နှင့် လိုက်လျောညီထွေစေမည့် ဝေါဟာရကို အသုံးပြုရန် ဖြစ်ပါသည်။