my_tn/isa/51/07.md

3.4 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် အစ္စရေးလူများအားဆက်လက်စကားပြောနေသည်။

ငါ၏တရားကို နှလုံးသွင်းမိသောသူတို့

ဘုရားသခင်၏တရားကို နှလုံးသွင်းပြီဟူသည်မှာ ဘုရားသခင်၏ စကားကို နာခံခြင်းကို ဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါ့ကိုသိ၍တရားတော်ကို နာခံသောသူများတို့ (ရှု၊ rc://*/ta/man/translate/figs-metaphor)

လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်) သူတို့၏ နာကျင်မှုများကြောင့် သင်တို့ ကြောက်ရွံ့ခြင်းမရှိကြနှင့် (ရှု၊ rc://*/ta/man/translate/figs-activepassive)

အကြောင်းမူကား ပိုးရွတို့သည် ..... သကဲ့သို့

ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို မှောက်လှန်ဖျက်ဆီးသူများအား သင်တို့သည် သိုးမွေးအဝတ်ကို ဝတ်သော်လည်း ပိုးကောင်များ၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဟု ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ၏ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရဖြစ်၍

ဘုရားသခင်၏ဖြောင့်မတ်ခြင်းဟူသည်မှာ သူ၏ဖြောင့်မတ်စွာ အုပ်စိုးခြင်းကို ဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါ၏ဖြောင့်မတ်သောအုပ်စိုးခြင်းသည် ထာဝရတည်မြဲလိမ့်မည် (သို့) ငါသည်ဖြောင့်မတ်စွာ ထာဝရအုပ်ချုပ်လိမ့်မည် (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကယ်တင်ခြင်းတရားသည်လည်း .... တည်လိမ့်သတည်း

ဘုရားသခင်၏ ကယ်တင်ခြင်းသည် လွတ်မြောက်ခြင်းကို ရစေသော ကယ်တင်ခြင်း၏ အကျိုးရလဒ်ဖြစ်ပါသည်။ မျိုးနွယ်အစဉ်အဆက် ထာဝရတိုင်တည်ရှိနေသော အရာဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည် သင့်ကိုကယ်လွှတ်၍ သင်သည် ထာဝရလွတ်မြောက်ခြင်းရလိမ့်မည် (ရှု၊ rc://*/ta/man/translate/figs-metonymy)