my_tn/isa/51/04.md

4.7 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ဣသရေလလူများအားပြောနေသည်။

ငါ၏လူမျိုး ... နားထောင်ကြလော့

ထာဝရဘုရား၏မြွက်ဆိုစကားကို နားထောင်ရန်ခိုင်းစေခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ငါ့ထံမှတရားထွက်၍

ဤနေရာတွင် ထာဝရဘုရားသည် တရားမျှတ၍ သူ၏အလင်းသည် မှန်ကန်ကြောင်းကိုယ်စားပြုသည်။ ပြည်၌ရှိသော လူများသည်ထာဝရဘုရား၏ တရားတော်ကို နားထောင်နာခံရလိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါ၏စီရင်ချက်သည် လူများလင်းစရာဘို့ဖြစ်မည် (သို့) ငါ၏လူများသည် ငါ၏စီရင်ချက်ကို နာခံရလိမ့်မည် (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏

အနီးမှာဟူသည် မကြာမီရောက်လာမည်ကို ဆိုလိုပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မကြာမီမြင်တွေ့ရမည်။ သူသည်သူ၏လူများကို သူ၏ ဂတိတော်များဖြင့် ပြည့်ဝသောကယ်တင်ခြင်းကို ပြုလုပ်လိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါ၏ဖြောင့်မတ်ခြင်း မကြာမီရောက်ရှိလာလိမ့်မည် (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ၏ကယ်တင်ခြင်း ... ထွက်သွားပြီ

ဘုရားသခင်၏ ကယ်တင်ခြင်းခံရသော လူများသို့ သူ၏ကယ်တင်ခြင်းတရားထွက်သွားပြီးဟု ဆိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်ကယ်တင်လိမ့်မည် (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်

ဤနေရာတွင် ထာဝရဘုရား၏ လက်တော်သည် သူ၏တန်ခိုးနှင့် တရားမျှတခြင်းကို ကိုးစားပြုသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်တိုင်းနိုင်ငံများသို့ ငါ၏အခွင့်အာဏာကို စေလွှတ်မည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

တကျွန်းတနိုင်ငံသား

ပင်လယ်တဘက်အနံငယ်အလှမ်းကွာသောနေရာတွင် နေထိုင်သောလူများကို ဆိုလိုပါသည် (အခြားသောဘာသာပြန်ဆိုချက်) ကျွန်း၌နေထိုင်သောလူများ (သို့) ပင်လယ်နှင့်ကွာလှမ်းသော ကျွန်းများတွင်နေထိုင်သူများ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။

ဘုရားသခင်၏လက်တော်သည် မစလိမ့်မည်။ ၎င်းသည်သူ၏လူများကို ကယ်တင်လိမ့်မည် (အခြားသောဘာသာပြန်ဆိုချက်) သူတို့သည် တစုံတရာကို လုပ်ဆောင်ရန် စိတ်အားထက်သန်စွာစောင့်ဆိုင်းလိမ့်မည် (သို့) သူတို့ကို ကယ်တင်ရန် စိတ်အားကြီးစွာစောင့်မျှော်လိမ့်မည်။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-explicit]])