my_tn/isa/50/02.md

4.8 KiB

ယေဘုယျအချက်အလက်

ထဝရဘုရားသည် ဇိအုန်မြို့ကို သတို့သမီးကဲ့သို့ ဆက်လက်ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ငါလာသောအခါ ------ မထူသနည်း။

ဤစာကြောင်းနှစ်ခု၏ အ‌ခြေခံသဘောတရား တူညီသည်။ ဣသရေလလူများသည် ဖမ်းဆီးချုပ်နှောင်ပြီး ခေါ်ဆောင်သွားခြင်း ခံရသောအခါ ဘုရားသခင်ကို မတုန့်ပြန်၍ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သူတို့ကို မကယ်နုတ်လိုသောကြောင့် မဟုတ်ပေ။ (အခြားသောဘာသာပြန်ဆိုချက်) 'ငါသည် လာ၍သင်တို့ကို ပြောသောအခါ သင်တို့သည် ပြန်လည်တုန့်ပြန်ခြင်းမရှိ"သောကြောင့် ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-rquestion]])

ငါသည် မရွေးမနှုတ် ---- မရှိသလော

ထာဝရဘုရားသည် သူတို့ကို မကယ်မနှုတ်နိုင်အောင် တန်ခိုးအစွမ်းမရှိသလောဟူ၍ ပြစ်တင်ပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ဖမ်းဆီးချုပ်နှောင်သွားသော သင်တို့ကို ပြန်လည်ကယ်နှုတ်ဖို့ ငါ၏လက်သည် အလွန်တိုသလော" (သို့ ) "သင်တို့၏ ရန်သူများလက်မှကယ်နှုတ်ရန် ငါ့တန်ခိုး အစွမ်းမရှိသလော။" (ရှု၊ rc://*/ta/man/translate/figs-parallelism )

လက်တိုသလော

ထာဝရဘုရား၏ တန်ခိုးတော်ကို ရည်ညွှန်းသည်။ ထာဝရဘုရား၏ တန်ခိုးတော်သည် လက်တိုသကဲ့သို့ မတတ်စွမ်းနိုင်ကြောင်း ‌ရေးသားထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ငါသည် တန်ခိုးခွန်အား မတတ်နိုင်သလော"(ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-metaphor]])

တန်ခိုးမရှိသလော

"ငါ၌ တန်ခိုးအစွမ်းမရှိသလော"

မြစ်တို့ကို လွင်ပြင်ဖြစ်စေ၍

ထာဝရဘုရားသည် မြစ်များကိုပင် ဝမ်းမြောက်စေ၍ ကန္တာရဖြစ်စေနိုင်ကြောင်း ပြောဆိုထားသည်။ (အခြားသောဘာသာပြန်ဆိုချက်)"မြက်များ ပင်ခမ်းခြောက်၍ ကန္တာရဖြစ်အောင် ငါလုပ်ဆောင်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရေမရှိသောကြောင့် ---- သေကြ၏

ရေနည်းတောင် ငါများသည် သေကြေ၍ ပုပ်စော်နံလျက်ရှိသည်။ မြစ်များနှင့် ပင်လယ်များကို ရည်ညွှန်းသည်။

ငါသည် မိုးကောင်းကင်---- ခြုံ၍

ဤစာပိုဒ်နှစ်ကြောင်း၏ အ‌ဓိပ္ပာယ် အခြေခံသဘော တရား တူညီသည်။ ထာဝရဘုရားသည် မိုးကောင်းကင်ကို အဝတ်စဖြင့် ဖုံးအုပ်လိုက်သကဲ့သို့ မှောင်မိုက်သွားစေမည်ဟူ၍ ပြောဆိုထားသည်။ (အခြားသော ဘာသာပြန်ဆိုချက်) မိုးကောင်းကင်ကို ဖျင်စဖြင့် လွှမ်းခြုံသကဲ့သို့ မှောင်မိုက်ဖြစ်အောင် ငါလုပ်၏။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-parallelism]])