my_tn/isa/33/13.md

3.4 KiB

ယေဘုယျ အချက်အလက်

ထာဝရဘုရား ဆက်လက်၍ ပြောဆိုသည်။

ဝေးသောသူတို့ -----ဝန်ခံကြလော့

ထာဝရဘုရားသည် ရပ်ဝေး၊ ရပ်နီးဒေသ၌ ရှိနေသောလူမျိုးအားလုံးကို ပြောဆိုသောစကာလုံးဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) "နေရာတိုင်း၌ ရှိသောလူမျိုးအပေါင်းတို့သည် ငါပြုသောအမှုကိုမှတ်၍ ငါ့တန်ခိုးကိုဝန်ခံကြလော့။" (ရှု၊ [[rc:///ta/man/translate/figs-merism]] and [[rc:///ta/man/translate/figs-abstractnouns]])

အပြစ်ရှိသောဇိအုန်မြို့သား---------ထိတ်လန့်ကြ၏

ဘုရားတရားမဲ့သော မတရားပြုသောဇိအုန်မြို့သားတို့သည် သူတို့၏ရန်သူများဖမ်းဆီးချုပ်နှောင်ခြင်းကြောင့် ကြောက်လန့်ကြ၏။(အခြားသောဘာသာပြန်ဆိုချက်) ဘုရားကိုမထီမဲ့မြင်ပြုသောသူများသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်များဖြင်မိုးလွှမ်းထားခြင်း ခံရသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ငါတို့တွင် -----------နေရမည်နည်း။

(အခြားသောဘာသာပြန်ဆိုချက်) "အဘယ်သူသည် မီးလောင်ကျွမ်းလိမ့်မည်နည်း။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါတို့တွင် ------ခံလျက်နေရမည်နည်း

"မီး" ဟူသောစကားလုံးသည် ထာဝရဘုရား၏ စီရင်ခြင်းကိုဆိုလိုသည်။ အဘယ်သူမျှ ဘုရားသခင်၏စီရင်ခြင်းကို မခံမရပ်နိုင်ချေဟူ၍ ရေးသားထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "အဘယ်တစ်ဦးတစ်ယောက်မျှလောင်ကျွမ်းနေသောမီး၌ မနေနိုင်ပေ" အဘယ်မျှ ထာဝရမငြိမ်းနိုင်သောမီး၌ အသက်မရှင်နိုင်ပေ။ (သို့)အဘယ်မျှ ထာဝရဘုရား၏ တရားစီရင်ခြင်း၌ မခံမရပ်နိုင်ပေ။ ထိုစီရင်ခြင်းအမှုသည် လောင်မြိုက်သောမငြိမ်းနိုင်သည့် မီးနှင့် တူသည်။" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-metonymy]])

ခံလျက်နေရမည်

ခေတ္တခန တည်းခိုနေထိုင်သည်