my_tn/isa/32/14.md

5.1 KiB

ယေဘုယျအချက်အလက်

ဟေရှာယဆက်လက်၍ ပြောဆိုသည်။

ဘုံဗိမာန်တို့ကို စွန့်ပစ်၍ ---ငြိမ်းလိမ့်မည်။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုံနန်းတော်ကို ဗိမာန်ကို စွန့်ပစ်၍ လူစည်ကားသော မြို့များသည် လူသူကင်းမဲ့ကာ ဆိတ်ငြိမ်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)

ကုန်း

တောင်ကုန်းပေါ်တွင် ဆောက်ထားသော ရဲတိုက်ကိုပုံဆောင်ရည် ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေတွင်းနှင့် ပြည့်စုံ၍

ရဲတိုက်နှင့် ကင်းမျှော်စင်တို့သည် လူတွေစွန့်ပစ်ထား၍ မြေတွင်းဟောင်းများဖြစ်သွားကြလိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်)"ရဲတိုက်နှင့် ကင်းမျှော်စင်များသည် လူများစွန့်ပစ်ထားသော မြေတွင်းနှင့် ဗလာကင်းမဲ့နေသော နေရောများဖြစ်ကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ရိုင်းသောမြည်းပျော်မွေ့ရာ ----ဖြစ်ကြလိမ့်မည်။

တောင်ကုန်းများ၌ တည်ဆောက်ထားသော ရဲတိုက်နှင့် မျှော်စင်မျာသည် လူသူစွန့်ပစ်သော မြက်ပင်၊ တောပင်များပေါက်နေ၍ တိရစ္ဆာန်များပျော်မွေ့သည့်နေရာဖြစ်လိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်)"မြည်းရိုင်းများနှင့် သိုးစုများကျက်စားရာနေရာ ဖြစ်လိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

အစဉ်အမြဲ

အလွန်ကြာရှည်သော အချိန် (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ဝိညာဉ်တော်သည် ကောင်းကင်-----သွန်းလောင်း၍

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်၏ ဝိညာဉ်တော် သွန်းလောင်းတော်မူသည့်တိုင်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါတို့အပေါ်သွန်းလောင်း၍

ထာဝရဘုရားသည် သူ၏ဝိညာဉ်ကို ရေကဲ့သို့ သွန်းလောင်း၍ ပေးတော်မူမည်။ (အခြားသောဘာသာပြန်ဆိုချက်) "ငါတို့ကို ပေးတော်မူသောဝိညာဉ်တော်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကောင်းကင်မှ

အလွန်မြင့်မားသော နေရာကို ကောင်းကင်ဘုံဟူ၍ ရည်ညွှန်းထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

အသီးအနှံများသော လယ်သည် တောအုပ်ကဲ့သို့

ဤစာပိုဒ်သည် အသီးပေါများသော လယ်ယာများသည် ထူထပ်သော တောအုပ်ကဲ့သို့ ဖြစ်နေပုံ နှင့် ခိုင်းနှိုင်းထားသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသီးလှိုင်ပေါသော လယ်ယာများသည် ထူထပ်သောတောအုပ်ကဲ့သို့ဟူ၍ လူများခေါ်ဝေါ်ကြသည်" (သို့) "အသီးအနှံအလွန်ပေါကြွယ်ဝသော လယ်မြေသည် အလွန်အကဲ ပြည့်လျှံပေါများသည်။" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-simile]])