my_tn/isa/32/11.md

3.2 KiB

ယေဘုယျအချက်အလက်

ဟေရှာယဆက်လက်၍ ပြောဆိုသည်။

တုန်လှုပ်

စိုးရိမ်ပူပန်ခြင်းကြောင့် တုန်လှုပ်လျက်ရှိသည်

အဝတ်တန်ဆာရှိသမျှ တို့ကိုပယ်ချွတ်ပြီးမှ ----စည်းကြလော့

အဝတ်တန်ဆာရှိသမျှ တို့ကိုပယ်ချွတ်၍ အတွင်းခံ အဝတ်ဘဲ ဝတ်ဆင်ခြင်းကိုဆိုလိုသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ဝတ်ကောင်းစားလှများကို ပယ်ချွတ်၍ အဝတ်ချည်းစည်းဖြင့်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့

ဝမ်းနည်းပူဆွေး၍ ညည်းထွားခြင်းဟု အဓိပ္ပာယ်ရသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ခါး၌လျှော်တေ အဝတ်ကိုစည်း၍ ဝမ်းနည်းပူဆွေးကြလော့"။ (ရှု၊ rc://*/ta/man/translate/translate-symaction)

ရင်ပတ်ကိုခတ်ခြင်း ----ညည်းထွားခြင်းရှိလိမ့်မည်

ထိုသူတို့သည် ကျယ်လောင်စွာအောဟစ်ညည်းထွားကြလိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်) "သင်တို့၏ သာယာဝပြောသော၊ အသီးအနှံများလှိုင်လှိုင်ထွက်သော စပျစ်ခင်းများသည် ပျက်စီးခြောက်သွေ့သွားသောကြောင့် ဝမ်းနည်းပူဆွေး ညည်းထွားကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဆူးပင်အမျိုးမျိုး

ဟေရှာယ (၅:၅) ဘာသာပြန်ထားချက်ကြည့်ရန်

ဝမ်းမြောက်သော အိမ်

ရွှင်လန်းဝမ်းမြောက်သော လူများနေထိုင်ခြင်းကြောင့် အိမ်များလည်း ဝမ်းမြောက်ကြသည်ဟူ၍ ဖော်ပြထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "သင်တို့ဝမ်းမြောက်ခြင်းနှင့် ရှိနေသောအိမ်များ" (ရှု၊ rc://*/ta/man/translate/figs-personification)

ရွှင်လန်းသောမြို့ကို ၎င်း

"သင်တို့၏ ရွှင်လန်းသောမြို့" ၊ "သောက်စားမူးယစ်ကာ ပွဲတော်များပြုလုပ်စည်းကားသောမြို့"