my_tn/isa/32/01.md

3.5 KiB

ကြည့်ရှုလော့

"ကြည့်ရှုလော့ " ဟူသောစကားလုံးသည် သတိဖြင့် အာရုံစိုက်ရန် ဆွဲခေါ်သော စကားလုံးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထိုမင်းတို့သည် လေလုံ၍ ----မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့ ၎င်း

ရှင်ဘုရင်နှင့် မင်းများသည် လူများကို ကွယ်ကာတော်မူမည်။(အခြားသောဘာသာပြန်ဆိုချက်) "မင်းအုပ်စိုးများသည် လူများကို မုန်တိုင်း၌ လေလုံ၍ ကွယ်ရာအရပ်သို့ ခိုလှုံသကဲ့သို့ ကွယ်ကာတော်မူမည်။" (ရှု၊ rc://*/ta/man/translate/figs-simile)

သွေ့ခြောက်သောမြေ၌ စီးသောချောင်းကဲ့သို့၎င်း

အခြားတစ်ခုသော နှိုင်းယှဉ်ချက်ဖြစ်သည်။ မင်းများသည် ဆင်းရဲငတ်မွန်သောလူများကိုလည်း ပြည့်ဝစွာထောက်ပံ့ပေးသည် ဟူသောအဓိပ္ပာယ်ဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) "ထိုမင်းများသည် ဆင်းရဲသောသူများကို ထောက်ပံ့ခြင်းသည် စီးဆင်းသော စမ်းရေသည်သွေ့ခြောက်သော နေရာသို့စီးဆင်းသကဲ့သို့ ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-simile)

နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့ ၎င်းဖြစ်ကြလိမ့်မည်။

မင်းသားမှူးမတ်တို့သည် ပြည်သူပြည်သားများကို သက်တောင့်သက်သာဖြင့် ခိုနားနိုင်သောကျောက်ဆောင်ကဲ့သို့ အုပ်ချုပ်လိမ့်မည်။ (အခြားသောဘာသာပြန်ဆိုချက်) "ထိုမင်းများသည် စိုးရိမ်ပူပန်သော ပြည်သူများကို နားခို၊ အရိပ်ပေးသော ကျောက်ဆောင်ကြီးကဲ့သို့ အုပ်ချုပ်စိရင်လိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

မျက်စိမြင်သော သူတို့သည် ရှင်းလင်းစွာမြင်ကြလိမ့်မည်

အုပ်ချုပ်သည့် ခေါင်းဆောင်များသည် ပြည်သားများကို ဘုရားသခင်၏ စစ်မှန်ဖြောင့်မတ်ခြင်းကို ရှင်းလင်းစွာ မြင်တွေ့စေနိူင်သည်။(ရှု၊ rc://*/ta/man/translate/figs-metaphor)