my_tn/isa/28/23.md

2.3 KiB

ယေဘုယျအချက်အလက်

၂၈း၂၉ တွင် ပြီးဆုံးမည့် ဥပမာသည် ဤတွင် အစပြုသည်။ (ရှု - rc://*/ta/man/translate/figs-parables)

ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့။

ဤစကားစု နှစ်ခုစလုံးသည် တူညီသောအရာကို ဆိုလိုသည်။ ဒုတိယ စကားစုသည် ပထမစကားစုကို ထပ်ဆင့်လောင်း အားဖြည့်ပေးသည်။ (ရှု - rc://*/ta/man/translate/figs-parallelism)

ငါပြောသံ

ဤတွင် "ပြောသံ" သည် ယေရှာယ" ပြောသည့်အရာကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါ ပြောမည့်အရာ" (ရှု - rc://*/ta/man/translate/figs-metonymy)

ငါ့စကား

ဤတွင် "စကား" သည် မိန့်ကြားမည့် အကြောင်းအရာကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါမိန့်ကြားမည့်အရာကို" (ရှု - rc://*/ta/man/translate/figs-metonymy)

လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော။

ဟေရှာယသည် လူတို့ကို ပိုပြီးတွေးစေလိုသောကြောင့် သုံးသော မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "လယ်သမားသည် မြေကို အခေါက်ခေါက်အခါခါ မပေါက်ဘဲ မျိုးစေ့မကြဲဘဲ မြေကို အဆက်မပြတ် ထွန်ယှက်သည်။ (ရှု - rc://*/ta/man/translate/figs-rquestion)