my_tn/isa/28/18.md

4.6 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားသည် ယေရုရှလင်မြို့ရှိ လူတို့ကို ဆက်လက် မိန့်ကြားတော််မူသည်။

သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "သေမင်းနှင့်ပြုထားသည့် ပဋိဉာဉ်ကို ငါ ဖျက်ဆီးပြီး မရဏာနိုင်ငံနှင့် ပြုထားသော သဘောတူချက်ကို ငါ ပယ်ဖျက်မည်။"(ရှု - rc://*/ta/man/translate/figs-activepassive)

သေမင်းနှင့်ဖွဲ့သော မိဿဟာယ ... မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်း

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) ယေရုရှလင်မြို့၏ခေါင်းဆောင်တို့သည် အထက်လမ်း၊ အောက်မှော်အစီအရင်တို့သုံးပြီး မကောင်းဆိုးဝါး နတ်ဆိုးတို့နှင့် သဘောတူညီမှု ယူကာ သေခြင်းမှ အကာအကွယ်ရအောင်လုပ်သည် သို့မဟုတ် ၂) ခေါင်းဆောင်တို့သည် အဲဂုတ္တုပြည်၏ခေါင်းဆောင်တို့နှင့် သဘောတူညီချက် ရှိသည်ကို သေမင်းနှင့် သဘောတူညီမှု ရှိသည့်ပုံစံဖြင့် သွယ်ဝိုက်ပြောနေခြင်း ဖြစ်သည်။ ယေရုရှလင်၏ ခေါင်းဆောင်တို့သည် အဲဂုတ္တုလူတို့၏ ကတိပြုထားသော အစောင့်အရှောက်အား ယုံကြည်သည်ကို ထိုအရပ်၌ ရှိသော သေခြင်း၏ ဘုရားနှင့် ပဋိဉာဉ်ပြုထားသကဲ့သို့ ရေးထားသည်။ (ရှု - rc://*/ta/man/translate/figs-metaphor)

အထမမြောက်ရ

မအောင်မြင်ရ

လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) လွှမ်းမိုးသောဘေးသည် အရာအားလုံး ပျက်စီးလိမ့်မည်ကို ယေဘုယျဆိုလိုသည်။ သို့မဟုတ် ၂) လွှမ်းမိုးသောဘေးသည် ယေရုရှလင်မြိုးအား ဖျက်ဆီးရန် ထာဝရဘုရားက ရန်သူတို့ကို စေလွှတ်မည်ဟု သွယ်ဝိုက်ပြောနေခြင်း ဖြစ်သည်။ (ရှု - [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-metaphor]])

သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။

ဤသည်ကို အပြုသဘောဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအရာသည် သူတို့ကို လွှမ်းမိုးလိမ့်မည်" သို့မဟုတ် "ထိုအရာသည် သင်တို့ကို ဖျက်ဆီးလိမ့်မည်။" (ရှု - rc://*/ta/man/translate/figs-activepassive)

နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း

အခြားသောဘာသာပြန်ဆိုချက် - "နေ့စဉ်နေ့တိုင်း" (ရှု - rc://*/ta/man/translate/figs-idiom)

နေ့ညဉ့်မပြတ်

ဤသည်မှာ "တနေ့တာလုံး" ကို ဆိုလိုသည်။ (ရှု - rc://*/ta/man/translate/figs-merism)