my_tn/isa/28/07.md

3.3 KiB

သို့သော်လည်း ထိုသူတို့သည်

"သို့သော်လည်း ခေါင်းဆောင်တို့သည်"

ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့

ဤသည်မှာ ယဇ်ပုရောဟိတ် သို့မဟုတ် ပရောဖက် တစ်စုံတစ်ယောက်အား တိတိကျကျ ဆိုလိုခြင်း မရှိပါ။ ယေဘုယျ အားဖြင့် ခြုံငုံပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ပုရောဟိတ်နှင့် ပရောဖက်တို့" (ရှု - rc://*/ta/man/translate/figs-genericnoun)

စပျစ်ရည် ကြောင့် မှားယွင်းကြပြီ။ ... လမ်းလွဲကြပြီ။

ဤစကားစုနှစ်စုစလုံးသည် တူညီသော အဓိပ္ပါယ်ရှိပြီး ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် အမူးလွန်နေသဖြင့် သူတို့လုပ်ဆောင်ရမည့် အမှုကို မလုပ်ဆောင်နိုင်ခြင်းအား အထူးပြု ပြောဆိုနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သူတို့သည် အရက်အမူးလွန်နေသောကြောင့် ခြေမခိုင် လဲနေကြသည်။" (ရှု - rc://*/ta/man/translate/figs-parallelism)

သေရည်သေရက် ကြောင့် မှားယွင်းကြပြီ

သူတို့သည် သေရည်သေရက် အသောက်များခြင်းကြောင့် သင့်တင့်လျောက်ပတ်အောင် မစဉ်းစားနိုင်တေ့ာသည်ကို အင်္ဂလိပ်ကျမ်းစာ၌ သေရည်သေရက်သည် သူတို့အား ဝါးမျိုသည့် အသွင်ဖြင့် ရေးသားထားသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သေရည်သေရက်သည် သူတို့အား စိတ်ရှုပ်ထွေးစေသည်" (ရှု - [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏

သူတို့သည် အရက် အမူးလွန်နေသဖြင့် လမ်းကို မှန်ကန်အောင် မလျှောက်နိုင်၊ ထာဝရဘုရား ဖွင့်ပြသောအရာကို နားမလည်နိုင်၊ ကောင်းမွန်သော ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေကြသည်။