my_tn/isa/27/09.md

3.5 KiB

ထိုသို့ ... သောအခါ

ဖြစ်နိုင်ချေ အဓိပ္ပါယ်မှာ ၁) "ထို" သည် ပြီးခဲ့သော အခန်းငယ် တွင် ဟေရှာယ ‌ဖော််ပြခဲ့သော ထာဝရဘုရားသည် သူ့လူမျိုးတို့ကို နယ်နှင်ဒဏ်ပေးသည်ကို ရည်ညွှန်းသည်။ သို့မဟုတ် ၂) "ထို" သည် ဟေရှာယမှ ရှေ့ဆက်ဖော်ပြမည့် အကြောင်းအရာကို ရည်ညွှန်းသည်။

ယာကုပ်အမျိုးသည် ... အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။

ဤသည်ကို အပြုသဘောဖြင့် ပြန်ဆိုနိုင်သည်။ အခြား သောဘာသာပြန်ဆိုချက် - "ထာဝရဘုရားသည် ဣသရေလလူတို့အား အပြစ်မှ ကယ်ချွတ်လိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသည် ဣသရေလလူတို့၏ အပြစ်ကို ခွင့်လွှတ်လိမ့်မည်။" (ရှု - rc://*/ta/man/translate/figs-activepassive)

ယာကုပ်အမျိုးသည် ... မိမိအပြစ်ပြေ၍၊

ဤတွင် "ယာကုပ်" သည် ယာကုပ်မှ ဆင်းသက်သောသူတို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယာကုပ်အမျိုးသည် ... သူတို့၏အပြစ် ပြေ၍" (ရှု - rc://*/ta/man/translate/figs-metonymy)

အ ကျိုးကျေးဇူးရှိသမျှ

ဤသည်မှာ ပြုသောအမှုတို့မှ ရရှိမည့် အကျိုးရလဒ်ကို အင်္ဂလိပ်ကျမ်းစာ၌ အပင် သို့မဟုတ် နွယ်ပင်မှ သီးသောအသီးကဲ့သို့ ပြောနေခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရလဒ်" (ရှု - rc://*/ta/man/translate/figs-metaphor)

ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ

ဤတွင် "ယာကုပ်" သည် ယာကုပ်မှ ဆင်းသက်သော သူတို့ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက် - "သူတို့သည် မှားသောဘုရားတို့အား ယဇ်ပူဇော်ရာ ယဇ်ပလ္လင်ကျောက်တို့နှင့် ပူဖော််ရာ အာရှရပင်တို့အားလုံးကို အကုန်အစင်ဖျက်စီးလိမ့်မည်။" (ရှု - rc://*/ta/man/translate/figs-metonymy)