my_tn/isa/26/11.md

2.7 KiB

လက်တော်ကိုချီတော်မူသော်

ထာဝရဘုရားသည် မကောင်းသောသူတို့အား ဆုံးမသည်ကို သူသည် ဆိုးသွမ်းသောသူတို့ကို လက်ဖြင့် ရိုက်သည် ဟူ၍ ရေးသားထားသည်။ (ရှု - rc://*/ta/man/translate/figs-metaphor)

သူတို့သည် မမြင်မမှတ်ကြပါ

"သို့သော်လည်း ဆိုးသွမ်းသောသူတို့သည် သတိမမူမိပါ။"

ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍

ဤတွင် "မြင်" သည် တစုံတခုကို သတိထားမိခြင်းအား ကိုယ်စားပြုဖော်ပြနေခြင်း ဖြစ်သည်။အခြားသော ဘာသာပြန်ဆိုချက် - "သူတို့သည် ကိုယ်တော်၏လူတို့အား ကိုယ်တော်က ကောင်းကြီးပေးရန် စိတ်ဆန္ဒရှိသည်ကို သတိထားမိလိမ့်မည်။" (ရှု - rc://*/ta/man/translate/figs-metonymy)

အရှက်ကွဲကြပါလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "သူတို့သည် အရှက်ရကြလိ့မ်မည်။" (ရှု - rc://*/ta/man/translate/figs-activepassive)

ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်

ထာဝရဘုရားက သူ့ရန်သူတို့အား ဆုံးမပြီး အကုန်အစင် ဖျက်ဆီးသည်ကို သူသည် ရန်သူတို့အား မီးရှို့ပြီး အကုန်အစင် လောင်ကျွမ်းစေသည် ဟူ၍ ရေးထားသည်။ (ရှု - rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ် တို့အဘို့

ဤတွင် "အကျွန်ုပ်" သည် ဟေရှာယနှင့် ဖြောင့်မတ်သောသူတို့ကို ရည်ညွှန်းသည်။ (ရှု - rc://*/ta/man/translate/figs-exclusive)