my_tn/isa/26/07.md

4.5 KiB

ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏

အခြေခံအားဖြင့် စာ နှစ်ကြောင်းစလုံးသည် အကြောင်းအရာ တစ်ခုတည်းကိုသာ ဆိုလိုသည်။ လူတို့သည် ထာဝရဘုရား၏အမိန့်အား လိုက်နာသည် ကို သူ၏လမ်းအတိုင်း လျှောက်သည် ဟူ၍ ရေးသားထားသည်။ ထာဝရဘုရားက သူ့လူတို့ မှန်သောအမှုကိုသာ လုပ်ဆောင်ရန် သေချာအောင် ပြုခြင်းကို သူတို့လျှောက်ရမည့်လမ်းကို ချိန်ညှိပြီး ဖြောင့်တန်းစေမည် ဟူ၍ ရေးသားထားသည်။ (ရှု - [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-metaphor]])

အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍

ထာဝရဘုရား ချမှတ်ထားသော မှန်သောအမှုကို လုပ်ဆောင်ခြင်းအား သူ့လမ်းအတိုင်း လျှောက်သည် ဟူ၍ ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထာဝရဘုရား၊ ကိုယ်တော် ချမှတ်ထားသော မှန်ကန်သည်ဟူသမျှအားအကျွန်ုပ်တို့ လုပ်ဆောင်လျက် စောင့်ပါမည်။" (ရှု - rc://*/ta/man/translate/figs-metaphor)

တရားတော်လမ်း၌

"သင့်၏ပညတ်တော်များ" သို့မဟုတ် "သင့်၏သွန်သင်ချက်များ"

အကျွန်ုပ်တို့သည် ... တသလျက်ရှိပါ ၏

ဤတွင် "အကျွန်ုပ်တို့" သည် ဟေရှာယနှင့် ထာဝရဘုရားကို စကားပြောနေသော ဖြောင့်မတ်သူများကို ရည်ညွှန်းသည်။ (ရှု - rc://*/ta/man/translate/figs-exclusive)

ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။

ဤတွင် "အမည်" နှင့် "ဘွဲ့နာမ" သည် ထာဝရဘုရား၏ပင်ကို ဖြစ်ခြင်းလက္ခဏာနှင့် ထာဝရဘုရားကိုယ်တော်တိုင်ကို ရည်ညွှန်းသည်။ (ရှု - rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏

ထာဝရဘုရားနှင့် သူ၏ပညတ်တော်ကို သိရှိနားလည်လိုခြင်း ကို ထာဝရဘုရားအား ဖွေရှာသည် ဟူ၍ ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်အရင်းခံဖြင့် ပို၍ သိလိုပါသည်။" (ရှု - rc://*/ta/man/translate/figs-metaphor)

အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏

ဤတွင် "အတွင်းဝိညာဉ်" သည် ပြောသူအား ပြည့်စုံခြင်း ကို ကိုယ်စားပြုသည်။ (ရှု - rc://*/ta/man/translate/figs-synecdoche)