my_tn/isa/25/09.md

3.6 KiB

ဆိုကြလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "လူတို့ ပြောဆိုကြလိမ့်မည်။" (ရှု - rc://*/ta/man/translate/figs-activepassive)

ထိုကာလ၌

ဤတွင် "ကာလ" သည် ကာလအပိုင်းအခြားတခုကို ယေဘုယျ ကိုယ်စားပြုနေခြင်း ဖြစ်သည်။ (ရှု - rc://*/ta/man/translate/figs-metonymy)

အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်

'လက်တော်'သည် ဘုရားသခင်၏ တန်ခိုးအာဏာကို ဖော်ဆောင်သည်။ 'ထာဝရဘုရား၏လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်' ဟူသော စကားစုသည် သူ၏လူမျိုးကို ကွယ်ကာမစတော်မူမည် ဟူ၍ အဓိပ္ပါယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထာဝရ ဘုရား၏ အနတ္တတန်ခိုးတော်သည် ထိုတောင်ပေါ်၌ ရောက်ရှိလိမ့်မည်။" သို့မဟုတ် "ထာဝရဘုရားသည် သူ၏လူမျိုးကို ကာကွယ်ဖို့ ဇိအုန်တောင်၌ ရှိနေမည်။" (ရှု - [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-idiom]])

ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။

ထာဝရဘုရားသည် မောဘလူမျိုးများကို နင်းချေဖက်ဆီးမည့်အကြောင်း ပြောဆိုထားသည်။ ဤစာကြောင်း၌ နှိုင်းယှဉ်ထားသသောကောက်ရိုးနှင့် နောက်ခေါးသည် မောဘပြည်ကို လည်း ထိုကဲ့သို့ နင်းချေရောနှောလိုက်မည်ကို ပုံဖော်ထားသည်။ (ရှု - [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-simile]])

မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။

ဤတွင် မောဘပြည်သည် မောဘလူမျိုးတို့ကို ကိုယ်စားပြုသည်။ ဤသည်ကို အပြုသဘောဖြင့် ပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထာဝရဘုရားသည် မောဘပြည်ရှိလူမျိုးများကို နင်းချေဖျက်ဆီးလိမ့်မည်" (ရှု - [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])