my_tn/isa/25/04.md

5.0 KiB

ကိုယ်တော်သည် ဆင်းရဲသောသူတို့ ... နေရောင်ကွယ်ကာရာဖြစ်တော်မူ၏

ထာဝရဘုရားသခင်သည် သူ၏လူမျိုးများကို ကွယ်ကာစောင်မတော်မူသည်။ သူ့ဆီသို့ လာသောသူသည် လုံခြုံကွယ်ကာခြင်းနှင့် သက်သာနှစ်သိမ့်မှုကို ရရှိလိမ့်မည်။ (ရှု - rc://*/ta/man/translate/figs-metaphor)

ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ

မတရားသောသူများသည် ဘုရားသခင်၏လူများကို ညှင်းဆဲနှိပ်စက်ခြင်း သည် မြို့နံရံကို ဖြိုဖျက်ရန် တိုက်ခိုက်သောမုန်တိုင်းကဲ့သို့ ဖြစ်သည်။ (ရှု - rc://*/ta/man/translate/figs-simile)

ဒေါသအမျက်ထွက်သောအခါ

'မိုဃ်းသက်မုန်တိုင်းတိုက်သောအခါ' သို့မဟုတ် 'လေပြင်းတိုက်၍ ပျက်စီးသောအခါ'

ကြောက်မက်ဘွယ်သော

အခြားသောဘာသာပြန်ဆိုချက် - "သနားညှာတာကင်းမဲ့သောလူမျိုး" သို့မဟုတ် "ကြမ်းကြုတ်ရက်စက်သောသူများ" (ရှု - rc://*/ta/man/translate/figs-nominaladj)

သွေ့ခြောက်သောအရပ်၌ နေအရှိန်ကဲ့သို့

ဘုရားသခင်၏လူများ၏ ရန်သူများကို သွေ့ခြောက်သောနေရာ၌ လောင်ကျွမ်းသော မီးအရှိန်နှင့် ခိုင်းနှိုင်းထားခြင်းမှာ ဘုရားသခင်၏လူများသည် မည်မျှလောက် ဒုက္ခဝေဒနာ ပြင်းထန်ခံစားရကြောင်းကို အလေးထားဖော်ပြထားသည်။ (ရှု - rc://*/ta/man/translate/figs-simile)

နေအရှိန်ပျောက်သကဲ့သို့ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။

ထာဝရဘုရားသည် မတရားညှင်းဆဲသောသူများ၏ သီချင်းသံနှင့် မာနထောင်လွှားခြင်းကို ရပ်တန့်လိုက်ခြင်းကို နေပြင်းစွာပူသောနေ့၌ အလွန်ထူထပ်သော တိမ်ဖြင့် ဖုံးလွှမ်းခြင်းဖြင့် ခိုင်းနှိုင်းဖော်ပြထားသည်။ ဤသည်မှာ ထာဝရဘုရားသခင်သည် သူ၏လူမျိုးများ ခံစားရသော ဒုက္ခဝေဒနားများကို ရပ်တန့်သွားအောင် နှစ်သိမ့်အားပေးသောဘုရားဖြစ်ကြောင်းကို အထူးပြု ဖော်ပြနေခြင်း ဖြစ်သည်။ (ရှု - rc://*/ta/man/translate/figs-simile)

ထူထပ်သောမိုဃ်းတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "အလွန်ပူပြင်းသောနေအရှိန်ကို ထူထပ်သော မိုဃ်းတိမ်ဖုံးအုပ်ခြင်းဖြင့် အနိုင်ယူသကဲ့သို့" (ရှု - rc://*/ta/man/translate/figs-activepassive)

ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "မတရားညှင်းဆဲရက်စက်သောသူများ၏ အောင်ပွဲခံသံများကိုလည်း ဘုရားသခင် ရပ်စဲတော်မူမည်" (ရှု - rc://*/ta/man/translate/figs-activepassive)