my_tn/isa/19/19.md

3.4 KiB

ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်

အဲဂုတ္တုနယ်နိမိတ်၊ နယ်စပ်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနယ်နိမိတ်၊ ပြည်စွန်းနားတွင် ထာဝရဘုရားအဖို့မှတ်တိုင်ထူထားလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်

"သက်သေ" နှင့် "လက္ခဏာ" သည်ပြသခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုယဇ်ပလ္လင်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အဲဂုတ္တုပြည်၌ရှိသော သက်သေဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်

အဲဂုတ္တုလူများသည် ထာဝရဘုရားကို ကိုးကွယ်လိမ့်မည်ဟူ၍ ပုံဆောင်ထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်ရှိလူများသည် ထာဝရဘုရားကို ကိုးကွယ်ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

အော်ဟစ်ကြသည်

"အဲဂုတ္တုလူများ အော်ဟစ်ငိုကြွေးသည်"

ညှဉ်းဆဲခြင်းကို ခံရသောကြောင့်

"လူတွေ သူတို့အပေါ်၌ ကြမ်းကြုတ်စွာ ဆက်ဆံကြသောကြောင့်" သို့မဟုတ် "သူတို့ကို နာကျင်ခံစားအောင်ပြုမူဆက်ဆံသောကြောင့်"

အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍

"ထာဝရဘုရားသည် တစ်စုံတစ်ယောက်ကို စေလွှတ်၍ သူတို့ကို ကယ်တင် ကွယ်ကာတော်မူမည်"

ထိုသခင်သည် ကယ်တင်တော်မူ၏

ထာဝရဘုရားကယ်တင်ခြင်းကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ရက်စက်ကြမ်းကြုတ်စွာပြုသောသူများ၏ လက်ထဲမှ အဲဂုတ္တုလူများကို ကယ်နှုတ်တော်မူ၏" (ရှု၊ rc://*/ta/man/translate/figs-explicit)