my_tn/isa/19/11.md

3.8 KiB

အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏

ဤစကားစုနှစ်ခုသည် ဆိုလိုရင်း အဓိပ္ပာယ်တူညီသည်။ ဇောနမင်းတို့သည် အဲဂုတ္တုပြည် ဖာရောဘုရင်၏ ပညာအရှိဆုံးအတိုင်ပင်ခံ မင်းအုပ်စုဖြစ်ကြသည်။ သို့သော် ထိုပညာရှိအမတ် မင်းတို့ပင် ပညာမဲ့အောင်ဖြစ်သွားစေသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဇောန

အဲဂုတ္တုမြောက်ပိုင်းရှိမြို့ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း

ဟေရှာယသည် အဲဂုတ္တု၏ပညာရှိအမတ်များကို လှောင်ပြောင်သရော်သကဲ့သို့ မေးခွန်းမေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဖာရောဘုရင်ကို မိုက်မဲသော အကြံညံပေးကြပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း

ဟေရှာယသည် အဲဂုတ္တု၏ ပညာရှိအမတ်များကိုလှောင်ပြောင်သော မေးခွန်းဖြင့် မေးထားသည်။ "သင်၏" ဆိုသည်မှာ ဖာရောဘုရင်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်၌ ပညာရှိသောလူများမရှိတော့ပါ" သို့မဟုတ် "သင်၏ ပညာရှိအမတ်တို့သည် ရူးမိုက်ကြပြီ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ

ဟေရှာယသည် အဲဂုတ္တုပညာရှိ အမတ်များကို စစ်မှန်သော ပညာရှင်အဖြစ်အယုံအကြည်မရှိပါ။ သို့သော် ဘုရားသခင်၏ စီမံကိန်းကို ထိုအမတ်များသဘောပေါက်သင့်ကြောင်း အဓိပ္ပာယ်ဖြင့်ပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကယ်၍ သင်၏ပညာရှိမှုးမတ်များအမှန်စင်စစ်ပညာရှိကြလျှင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အဲဂုတ္တုပြည်ကို မည်ကဲ့သို့ ကြံစည်ရည်ရွယ်တော်မူကြောင်းအား အကြံပေးတတ်ကြပါစေ" (ရှု၊ rc://*/ta/man/translate/figs-irony)