my_tn/isa/19/07.md

2.7 KiB

မြစ်နားမှာ စိုက်သမျှတို့သည်

နိုင်းမြစ်နားမှာ လူတို့ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံ ယာခင်းများရှိသည်။

တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်

ဖော်ပြပါအကြောင်းအရာသည် အဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တံငါတို့သည် သူတို့၏ ပိုက်ကွန်၊ ငါးမျှားချိတ်ဖြင့် ဖမ်းဆီးကြသော်လည်း မြစ်ထဲရှိငါးများသည် သေကြေပျက်စီးကြသဖြင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-explicit]] နှင့် [[rc:///ta/man/translate/figs-parallelism]])

ဖြန့်တတ်သော

"ပစ်သည်"

မြစ်၌ ငါးမျှားကို ချသမျှသောသူတို့

မျှားချိတ်တံအဖျားတွင် ငါးစာကို တပ်ဆင်ပြီး ရေထဲတွင်ကြိုးတံဖြင့်ချကာ ငါးလာဟပ်လျှင် ချိတ်တံဖြင့် ပါးဟပ်၌ တွယ်ညှိနေသည်။ ထိုငါးကို ကြိုးဖြင့်ပြန်ဆွဲတင်ခြင်းဖြင့် ဖမ်းသော ငါးမျှားတံဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)

ပိုက်ကွန်ကို ဖြန့်တတ်သော

ငါးဖမ်းဖို့ရန်အတွက် ပိုက်ကွန်ကို ရေပေါ်ဖြန့်ကာ ပစ်လိုက်သည်။ ငါးများသည် ပိုက်ကွန်ထဲမိလျှင် တံငါသည်များသည် ထိုပိုက်ကွန်ကို ရေပေါ်သို့ ပြန်လည်ဆွဲတင်လိုက်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)