my_tn/isa/19/01.md

4.1 KiB

ကြည့်ရှုလော့

"နားထောင်လော့" သို့မဟုတ် "ကြည့်လော့" ဆိုသည့် စကားလုံးသည် နောက်ဖြစ်လာမည့်အရာကို ရည်ညွှန်းသည်။

ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍

ထာဝရဘုရားသခင်သည် စစ်ရထားကို စီးသကဲ့သို့ လျင်မြန်သော မိုဃ်းတိမ်ကိုစီးသည် ဟူ၍ ပုံဖော်ထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍

ရုပ်တုဆင်းတုများသည် ဘုရားသခင်ရှေ့တော်၌ ကြောက်ရွံ့ကြပုံကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၏ ဘုရားဆင်းတုများသည် ထာဝရဘုရားသခင်ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြ၏" (ရှု၊ rc://*/ta/man/translate/figs-personification)

အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်

"နှလုံးသည် အရည်ကျိုလျက်ရှိလိမ့်မည်" ဟူသော စကားစုသည် သူတို့၏ ရဲစွမ်းသတ္တိများ‌ ပျောက်လွှင့်သွားခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူမျိုးများ၏ ရဲရင့်ခြင်းများသည် နောက်ထပ်မရှိတော့ပါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အိမ်နီးချင်း တယောက်နှင့်တယောက် စစ်တိုက်ခြင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အိမ်နီးချင်းနှင့် ခိုက်ရန်ပြုလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

တမြို့ နှင့် တမြို့ စစ်တိုက်ကြလိမ့်မည်

လူများနေထိုင်ရာ မြို့များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့တစ်မြို့သည် အခြားသောမြို့ကို ရန်ပြုတိုက်ခိုက်လိမ့်မည်" သို့မဟုတ် "အခြားတစ်နေရာမှာ‌ နေထိုင်သောလူများသည် တမြို့နှင့် တမြို့ရန်ပြုတိုက်ခိုက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်

"တိုက်ခိုက်ကြလိမ့်မည်" ဟူသော စကားလုံးသည် ဖော်ပြပြီးသောကျမ်းပိုဒ်များတွင်ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်" သို့မဟုတ် "နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံကို စစ်တိုက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)