my_tn/isa/17/10.md

2.1 KiB

သင်သည်မေ့လျော့၍

ဣသရေလကို ရည်ညွှန်းသည်။ "မေ့လျော့ခဲ့သည်" ဟုဆိုရာတွင် သူတို့ကို ကယ်တင်ခဲ့သော ဘုရားသခင်အားမေ့လျော့သည်ကို မဆိုလိုသည်။ ဘုရားသခင်၏ စကားတော်ကို လိုက်မနာတော့ပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် စကားနားမထောင်"

ကယ်တင်တော်မူသော ဘုရားသခင်

"ဘုရားသခင်သည် သင့်ကို ကယ်တင်တော်မူသည်"

မိမိခိုလှုံရာ ကျောက်ကို မိမိ မအောက်မေ့သောကြောင့်

ဘုရားသခင်သည် ကြီးမာသောကျောက်ဆောင်ဖြစ်သည်။ ရန်သူများလက်မှ လွှတ်မြောက်ရန်အတွက် ထိုကျောက်ဆောင်၌ ခိုနား၊ ပုန်းအောင်းနိုင်သောအကွယ်အကာအဖြစ် နှိုင်းယှဉ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ကွယ်ကာပေးသော ထာဝရဘုရားကို မသိကျေးကျွန်ပြုခဲ့သည်" သို့မဟုတ် "ဘုရားသခင်သည် ကျောက်ဆောင်ကဲ့သို့ သင့်ကို ကွယ်ကာပေးသော်လည်း အလေးမထားခဲ့ပေ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍

"ကောက်သိမ်းချိန်၌ အသီးအနှံအလွန်နည်းသည်"