my_tn/isa/15/08.md

2.8 KiB

ယေဘုယျအချက်အလက်

မောဘပြည်ကို ဆက်လက်၍ ပရောဖက်ပြုသည်။ (ရှု၊ 15:1)

ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏

တပြည်မှ တပြည်ရှိလူများသည် မောဘ၏ ဖြစ်ရပ်ဆိုးကြီးကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘပြည်တစ်ပြည်လုံးရှိလူများသည် ကြောက်ရွံ့တုန်လှုပ်၍ ငိုကြွေးကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏

ဤနေရာဒေသနှစ်ခုသည် ပျက်စီးဆုံးရှုံး၍ ငိုကြွေးမြည်တမ်းခြင်းကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငိုကြွေးမြည်တမ်းခြင်းသည် ဧဂလိမ်မြို့နှင့် ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏"

ဧဂလိမ် .... ဗေရဧလိမ် .... ဒိဇုန်

မြို့ရွာများ၏ နာမည်များဖြစ်သည်။ ဒိဇုန်သည် မောဘပြည်၏ မြို့တော်ဖြစ်သည်။ ယခုလက်ရှိ ဘာသာပြန်ဆိုခြင်းများတွင် "ဒိမုန်" ဟူ၍ သုံးလေ့ရှိသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဒိဇုန်မြို့အပေါ်မှာ အခြားသောဘေးများ .... ငါရောက်စေမည်

"ငါ" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။ ဒိဇုန်မြို့ရှိလူများကိုလည်း ရည်ရွယ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဒိဇုန်မြို့ပေါ်မှာ များစွာသော ဘေးများကို ကျရောက်စေမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)