my_tn/isa/15/05.md

3.1 KiB

ယေဘုယျအချက်အလက်

မောဘပြည်ရှိလူများအကြောင်းကို ဆက်လက်၍ ပရောဖက်ပြုထားသည်။ အနာဂါတ်တွင် ဖြစ်ပျက်လာမည့်အရာကို ယခုပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ 15:1)

ငါ့နှလုံးသားသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။

ငါ့နှလုံးသားဟုဆိုရာတွင် ထိခိုက်ကြေကွဲခြင်းကို ပုံဆောင်သည်။ ဘုရားသခင်သည် သူ၏ ကြီးစွာသော ဝမ်းနည်းခြင်းဖြင့် ငိုကြွေးပြီးပြောဆိုနေသကဲ့သို့ ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘပြည်ဖြစ်ပျက်မည့် အရာသည် ငါ့ကို ပြင်းထန်စွာ စိတ်နှလုံးထိခိုက် ဝမ်းနည်းစေသည်" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] နှင့် [[rc:///ta/man/translate/figs-metaphor]])

ပြေးသောသူတို့သည်

"သူ၏ ပျက်ပြယ်ခြင်းသည် အဝေးသို့ထွက်ပြေး၍" ဟူသည် ရန်သူများလက်မှ ထွက်ပြေးတိမ်းရှောင်ခြင်းကို ဆိုလိုသည်။

ဇောရ ... လုဟိတ်တောင် ... ဟောရနိမ့် ... နိမရိန်ကန်

မောဘပြည်တဝိုက်ရှိ နေရာဒေသများ၏ နာမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏

"ဆုံးရှုံးခြင်း" နာမ်ပုဒ်ကို "ဆုံးရှုံးသည်" ကြိယာဖြင့်‌ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မြို့များ ပျက်ဆီးရှုံးဆုံးသွားသောကြောင့်ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများ

မိမိတို့ရှိသည့် အရာအားလုံး၊ မည်သည့်အရာမဆို။

မိုဃ်းမခပင်ချိုင့်

မောဘပြည်နယ်နိမိတ်နှင့် ထိစပ်နေသည့် မြောက်ဘက်မြစ်ချိုင့်ဝှမ်းကို ရည်ညွှန်းသည်။